Skip to main content

Improvement နည်းနည်း ပိုမှန်လာကြတယ်

ဆရာ့ ပို့စ်တွေကို အမြဲ ဖတ်နေကြ(ကျ)ပါဆရာ ကျွန်တော် လေးစားရတဲ့ ဆရာပါ ဂါရဝ ပြုပါတယ် ဆရာ။ အမှား ပါခဲ့လျှင် ပြုပြင်ပြောဆို ဆုံးမ လမ်းညွှန်ပါဆရာ ခင်ဗျာ
ဟုတ်။ ကျေးဇူး။
ကျွန်တော်က သတ်ပုံသာမက စာစီစာရိုက်တာကိုလည်း တတ်နိုင်သလောက် စနစ်ကျအောင် တင်ပြပါတယ်။ ဥပမာ မြန်မာစာမှာ ဖူးလ်စတော့ မထည့်ရ။ ပုဒ်မ ပုဒ်ထီးကို နေရာတကျ ထည့်ရမယ်။ ပုဒ်မ ပုဒ်ထီး ကို နောက်ဆုံးစာလုံးနဲ့ ကပ်ရိုက်ရပြီး၊ ပုဒ်မပုဒ်ထီးနောက်မှာ တကွက်ခြာရတာမျိုး စသည်။ ဒေါ့တွေ မေးခွန်းအမှတ်အသားတွေ ရှိခိုးရုပ်တွေ မထည့်ပါ။ သင်္ကေတတွေကလည်း ကွန်ပြူတာစနစ်မှာ သတ်မှတ်ထားတာတွေရှိတော့ နားလည်ရ ခက်စေတယ်။
Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2022/08/punctuation.html
Punctuation Marks မြန်မာစာ ပန်ကျူယေးရှင်း အမှတ်အသားများ https://burmese-spelling.blogspot.com/2022/08/punctuation-marks.html

ပေါ့ပေါ့ပါးပါး ရေးကြတာတွေကိုတော့ ဗွေမယူပါ။ နေမကောင်းလို့ စာရေးသူတွေ ကိုယ်ရေးတဲ့စာ မှန်ကန်သင့်တယ်လို့ ထင်တယ်။ ကိုယ့်ကျန်းမာရေးကို စာဖတ်သူတွေနဲ့ အမေးခံရတဲ့ဆရာဝန်က လေးစားပါလိမ့်မယ်။ မှတ်သားမိသလောက် ကင်ဆာနေရာတွေမှာ အတော်မှားကြတယ်။ မြန်မာစာနေရာတွေမှာလည်း အတော်ကြီးကို မှားကြတယ်။ တရက်ထက်တရက်တော့ တိုးတက်လာတယ်လို့ ထင်နေတယ်။ သုတေသနလို ဆန်းစစ်မှု လုပ်ချိန်မရတော့ % ပြောရခက်တယ်။ ကျွန်တော့ဆီမှာ မှတ်ထားတာတွေ အများကြီးရှိပါတယ်။ နည်းနည်း ပိုမှန်လာကြတယ်လို့တော့ အခိုင်အမာ ပြောနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ