ကျောင်းတော်ကြီး၏ သင်္ကေတနှင့် မြန်မာစာ
ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်ပြီ။ နှစ်တရာကို နှစ်တရာလို့ မရေးကြတော့ပါ။ ဝမ်းနည်းစရာ။
၁။ ကံ့ကော်မြေ နှစ်"တစ်ရာပြည့်" တက္ကသိုလ် - နှစ်တရာလို့ ရေးရ။
၂။ မမြင်ရတဲ့ဆိုင်းဘုတ် သစ်ပုပ်ပင်နဲ့ အပြာရောင် ဆိုင်းဘုတ် အပြာရောင်ဆိုင်းဘုတ်တတ်ခံရတာ သိပ်မကြာသေးပါဘူး မမြင်ရတဲ့ဆိုင်းပုတ်က ကံကော်မောင်နှမတွေရဲ့ ရင်ထဲမှာ အကြာကြီးတတ်ထားတာ ကံကော်မောင်နှမတွေပဲ သိပါတယ် - ဆိုင်းဘုတ်တပ်လို့ ရေးရ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ထဲမှာ သစ်ပုပ်လို့ရေးရ။ သစ်ပုတ်လို့ အသံထွက်ရ။ အမြှောင်းအမြှောင်းထသော မြစ်ပါးပျဉ်း၊ ဖြူပြာရောင် အပွေးအခေါက်၊ အပုပ်နံ့ရှိသည့် ညိုညစ်သော အသားရှိသည့် ပင်စောက်တမျိုး။ ညစ်ညိုပင်၊ စောပြောပင်ဟူ၍လည်း ခေါ်သေးသည်။
တက္ကသိုလ် နဲ့ တစ်ကသိုလ် ကကော မူကွဲလော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment