ရာသီမသိ ပန်းနှင့်ညှိ
လောကီအလို၊ နက္ခတ်ဂြိုဟ်က
ထိုထိုသီးပွင့်၊ ခါမလင့်ဘူး
နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်
ရာသီ မသိ၊ ပန်းနှင့်ညှိသော်
ညီဘိကာလ၊ မလွန်ကြရှင့်။ (မဃဒေဝ ၂၈၀)
ဆယ့်နှစ်လရာသီလေးဆစ်သဖြန် (ကင်းဝန်မင်းကြီး)
ပန်းကံ့ကော်ရွှေစံကား
ငွေသားနုစပယ်မှန်။
မုလေးခတ္တာနှင့် ရွှေရင်းမာကြာခဝဲ
ဖွဲစနှင်းလျှံ။
သဇင်ကျန်၊ ခွာကန်နှင့်ပေါက်လဲ။
ပွင့်ဝတ်ကယ်ရွှေဖီမင်း သင်းထုံနံ့ကဲ။
၁။ တန်ခူးလ - ကံ့ကော်ပန်း
၂။ ကဆုန်လ - စံကားပန်း
၃။ နယုန်လ - စံပယ်ပန်း
၄။ ဝါဆိုလ - မြတ်လေးပန်း
၅။ ဝါခေါင်လ - ခတ္တာပန်း
၆။ တော်သလင်းလ - ရင်းမာပန်း
၇။ သီတင်းကျွတ်လ - ကြာပန်း
၈။ တန်ဆောင်မုန်းလ - ခဝဲပန်း
၉။ နတ်တော်လ - သဇင်ပန်း
၁၀။ ပြာသိုလ - ခွာညိုပန်း
၁၁။ တပို့တွဲလ - ပေါက်လဲပန်း
၁၂။ တပေါင်းလ - သရဖီပန်း
ဒေါက်တာတင့်ဆွေ
Comments
Post a Comment