ကျွန်တော် ငယ်ငယ် (အထက်တန်းကျောင်းသားတုန်းက) ဆွဲခဲ့တဲ့ အဲဒီခေတ်က ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေပုံတူ ခဲပန်းချီတကား။ ထိန်းသိမ်းတားပေးတဲ့ တူတော်မောင်က အခုဘဲလှမ်းပို့တယ်။ ကျွန်တော်က စာကြည့်တိုက်မှာလာပြီး အင်တာနက်သုံးနေရလို့ အချိန်ပို မသုံးနိုင်သေးတော့ သူကဘဲ ပုံကိုဖြတ်တောက်ပေးထားတာပါ။
ဆေးကျောင်းမတက်ရခင်အထိ ပုံတူခဲပန်းချီနဲ့ ရေဆေးရှုမျှော်ခင်းတွေ ဆွဲနိုင်ခဲ့ပါတယ်။ ကောက်ရိုးပန်းချီလည်း နည်းနည်း လုပ်တယ်။ ဆေးကျောင်းသားဖြစ်တော့ ကြဲသွားတယ်။ အလုပ်ဝင်တော့ ဝေးသွားပြီ။ နိုင်ငံရေးထဲရောက်တော့ စိတ်ကူးတောင် မပေါက်နိုင်တော့ပါ။ အခုတော့ စိတ်ကူးပြန်ရလာသလိုဘဲ။
ရုပ်ရှင်မင်းသမီး အတော်များများပုံတွေကိုဆွဲပါတယ်။ ခင်သန်းနု၊ စန်းစန်းအေး၊ မင်းသားထဲကလဲ ဝင်းဦးပုံဆွဲတယ်။ ပန်းချီသောင်းဟန်ပုံတွေကို အလွတ်ရသလိုဘဲ။ ပန်းချီကားတိုင်းမှာ ကျွန်တော် ထိုးတဲ့လက်မှတ်တောင်မှ သောင်းဟန်လက်မှတ်ကို အတုခိုးထားတယ်။ ရေဆေးရှုခင်းပုံတွေဆိုရင် M တင်အေးရေးဆွဲတာတွေကို အတုခိုးတယ်။
ကျွန်တော် စာလေးတပုဒ်မှာ ထည့်ရေးဘူးတယ်။ မန္တလေးဆးကျောင်းမှာ သူငယ်ချင်းတွေက သူတို့ရည်းစားပုံတွေကို ပုံတူဆွဲအပ်ကြတယ်။ တပုံဆွဲတိုင်း လက်ဖက်ရည်ဆိုင် တခါထိုင်ကြတယ်။ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၁-၁၀-၂၀၁၄
Comments
Post a Comment