(ကဗျာအမည်တော့ မပါ။)
ရွရွကွေး၍
မွှေးမွှေးပျပျ
ရဲရဲလှသား
ခိုင်မြပွင့်ဖူး
ဆောင်းဦးပန်းလျှင်
တထူးသူနှင့်
မတင့်လေရာ
မယ်နှင့်သာလျှင်
ကြမ္မာဖန်ဆင့်
ရည်၍ပွင့်သား
သခင့်ပန်ဖို့
စီရင်ပို့၍
စိမ်းညို့ရွက်ထပ်
ခြယ်လှပ်ထွားထွား
တခြားထူးထွေ
ညှာတံခြေ၀ယ်
ငုံပြေချပ်၀န်း
တဆန်းထူးလည်
ပန်းရွှေရည်သည်
ကျွမ်းသည်သူ့ အမှန်တကား။ (နတ်သျှင်နောင်)
မူရင်းသတ်ပုံကို မှားအောင်မပြင်ဘဲ တင်ပေးထားသူ Aung Kyaw Oo ကျေးဇူး။ အများစုကတော့ ကိုယ်ရေးတဲ့စာ၊ ကိုယ်စပ်တဲ့ကဗျာ၊ ကိုယ်သီတဲ့သီချင်း၊ ကိုယ်ဟောတဲ့တရား မဟုတ်ဘဲ သတ်ပုံတွေပြင် တင်ကြ၊ ထုတ်ဝေကြတယ်။
ဒီအရပ်မှာက အတော်အေးတယ်။ နှင်းဆီပင်တွေက အအေးဒဏ်ကို အတော်ခံနိုင်ကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment