Skip to main content

မိုးခါးရေ

ဟုတ်ကဲ့ဆရာ မိုးခါးရေဆိုတာ ရှိလို့လားခင်ဗျ။ မိုးရေခါးတယ်ဆိုတာလည်း တခါမှမကြားဘူးပါခင်ဗျ။ အဲဒါ စကားအဖြစ်သုံးတာလားခင်ဗျ။ မိုးရေဆိုတာ။

အများမိုးခါးရေသောက်လို့ လိုက်မသောက်နဲ့ ဆိုဆုံးမစကားရှိတယ်။ သူများမှားတိုင်း လိုက်မမှားနဲ့။ သူများရူးတိုင်း လိုက်မရူးနဲ့။ သူများမိုက်တိုင်း လိုက်မမိုက်နဲ့လို့ ဆုံးမတာပါ။

မိုးခါးရေလိုက်ရှာတော့ ဒီလိုတွေ တွေ့ပါတယ်။ မိုးခါးရေ ဆောင်းဦးလှိုင်။ မိုးခါးရေ ဖြူဖြူကျော်သိန်း။

ကဗျာတွေလည်း တွေ့ပါတယ်။ ဓားတောင်တန်း ပန်းတခြင်းနဲ ့လမ်းထွင်းသွားကြမတဲ့ တချို့။ သစ္စာတရား မိုးခါးရေမှ မဟုတ်တာပဲ။ (မောင်လွမ်းဏီ)

နောက်တပုဒ်မှာ အများညီ ဤကို ကျွဲလို့ ဖတ်နေကြပြီလား မိုးခါးရေ မသောက်ဘူး ရောမမှာနေပြီး ငါကတော့ မိုးခါးရေ မသောက်နိုင်ဘူး။

နောက်တပုဒ်မှာ ဘယ်လမ်းကိုမှ ကျွန်တော် ရှေ့ဆက်မလှမ်းရဲတော့ဘူး မိုးခါးရေမသောက်ရင် ထမင်းမစားရဘူးလို့ အစ်ကိုကပြောတော့ ကျနော်စိတ်လေး သိမ်ငယ်သွားလိုက်တာ။

စာအုပ်စာရင်းတခုမှာ မြတ်လေးမောင် မိုးခါးရေ နဲ့ မိုးခါးရေ ဓမ္မပါလလို့လည်း တွေ့ပါတယ်။

ဇာတ်ဝတ္ထုတွေလည်း ရှိပါတယ်။ မိုးခါးရေအဆုံးအမဟာ အလွန်ထိရောက်တယ်။ မိုးခါးရေသောက်နေကြသူတွေကို အဝေးကြီး သွားရှာစရာ မလိုဘူး။ ဆောရီး။

အရင်က မိုဃ်းလို့လည်း ရေးပါတယ်။ လွယ်ကူအောင် မိုးလို့ပြောင်းရေးကြတယ်။ ခုခေတ်မှာတော့ ခက်ခဲအောင် တ ကို (တစ်)လို့ ရေးတဲ့ မိုးခါးရေ သောက်သူ များလှတယ်။

မိုးခါးရေ

မော်ဘို့ရာ လမ်းမရှိပါဘူး

မှန်းဂတိ ဆုတ်ကွာ

ဆန်းကလိ ယုဂ်အခါမှာ

မဟုတ်ထာ ပွင့်လင်း။

သဘောဖြောင့် ရေလိုက်ကြံရင်

ငွေပိုက်ဆံ ရှားတဲ့ခေတ်တွင်း။

မုသားကို အပြောသန်သည်

မနောကံ ပျက်ယွင်း။

လောကဓံ စက်တွင်းမှာ

လက်ငင်းပ မသွေ

ပြုမယ်ဆို မကြောက်ငြားပါဘူ့

တယောက်သား လဲလိုသေသေ။

မထောက်ထား ဆိုးဝါးချေသည်

မိုးခါးရေ အကုန်သောက်ထာမို့

ယုံလောက်ဘို့ ဘယ်သူ ဘယ်လူ

လောက မဖြူ။

ကောသလ စက်ပျော်သူရယ်

မက်တော်မူ သည်ကိန်းထင့်လေး။

မှတ်ချက် - အချုပ်တန်းဆရာဖေ (တစ်)ယောက်သားလို့ မရေးပါချေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ