တလကုန်တော့ တလနီးလာပြီလို့ သံဝေဂစကား ဆိုလေ့ရှိကြတယ်။ တနေကုန်မှာလည်း အလားတူ။ သံဝေဂရယူခြင်းဟာ ကောင်းတယ်။
ကောင်းတာလုပ်မယ်။ ကောင်းရာမွန်ရာဆိုတာ ဘာလဲ။ မတူကြပြန်ပါ။ ဒါပေမဲ့ နာရီတွေက တူကြပြီး၊ ကလင်ဒါတွေလည်း တူကြတယ်။
ပြက္ခဒိန်သစ်ကို ကြည့်ချင်မှ ကြည့်ရတော့မှာ မဟုတ်လို့ တွေးပြီး အခု ဘာလုပ်သင့်သလဲ။ မတူကြပါ။ တကျပ်တပြား စွန့်ကျဲမယ်။ ဆွမ်းတနပ် ကပ်လှူမယ်။ သီလယူမယ်။
တလကုန်ခြင်း သံဝေဂဆိုတာ အချိန်နည်းလာခြင်း။ ရှည်ရှည်ဝေးဝေး၊ လေးလေးနက်နက် မတွေးနိုင်တဲ့အခါ လွှတ်ချမိတတ်ကြသေးတယ်။
ကျွန်တော့ရဲ့ လွှတ်ချမှုတခုကတော့ အောက်တိုဘာလကုန်လို့ နိုဝင်္ဘာလအကြောင်းစာ တင်လိုက်ပြီ။ နေမကောင်းလို့မေးတာ မှန်သမျှဖြေ။ ကိုယ့်မမေးလည်း လိုက်ရှာဖြေ။ ကျန်းမာရေးစာတွေလည်း များလှပြီ။ ပုဒ်ရေ ထောင်ဂဏန်း မနည်းတော့ပြီ။ အသစ်မရေးနိုင်တော့မှာလည်း စိုးရိမ်စရာ များစွာမလိုတော့ပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment