Skip to main content

Fall ရွက်ကြွေရာသီ

၂၀၂၆ ခုနှစ် ဆောင်းဦးရာသီသည် အရှေ့ပိုင်းဒေသ စံတော်ချိန် (EDT) ည ၈:၀၄ နာရီမှ ၈:၀၅ နာရီကြား၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့တွင် စတင်မည်ဖြစ်ပြီး ဆောင်းဦးရာသီယဉ်ကျေးမှု သို့မဟုတ် နေ့နှင့်ည တူညီသည့်အချိန် (Autumnal Equinox) ကို အစပြုမည် ဖြစ်ပါသည်။ 
နွေအကုန် ဆောင်းအကူးကာလမှာ သစ်ပင်တွေမှန်သမျှက သစ်ရွက်တွေ ကြွေကျတဲ့ရာသီလတွေ ဖြစ်တယ်။ Fall ဖေါလ် စကားလုံးကိုသုံးတာဟာ သစ်ရွက်တွေ ကြွေတာကျတာအပြင် နှစ်တနှစ် ကုန်ဆုံးမှာတွေကိုပါ ရောထားတဲ့သဘောဖြစ်လို့ ရင့်ကျက်မှုကနေ ယိုယွင်းလာတဲ့ နိမိတ်လည်း ဖြစ်တယ်။ 
ဒီနှစ် သစ်ရွက်တွေ မကြွေသေးပါ။ အရောင်းပြောင်းတာလည်း နောက်ကျမယ်။ 
တရက်တလေမှာ မိုးကလဲရွာပါအုန်းမယ်။ အေးစလဲပြုတော့မယ်။ 
ကလေးတွေကတော့ ပျော်ကြမယ်။ ဖေါလ်ဘရိတ် ကျောင်း နှစ်ပတ်ပိတ်မယ်။ 
အရောင်ကပေးတဲ့ အမြင်ခံစားမှုအပြင် သက်ဝင်နေတဲ့ သဘောကိုလဲရစေမယ်။ ကြွေမကျခင်မှာ လှချင်တိုင်းလှနိုင်စွမ်းဟာ ဂုဏ်တရပ်ဖြစ်ပါတယ်။ အရွက်တွေဟာ ကြွေမကျခင်မှာ အင်မတန် လှကြတယ်။ အရောင်ကလဲ ရင့်ရော်လာပြီး၊ စိမ်းရာကနေဝါ၊ ဝါရာကနေ လိမ်မော်၊ နောက်မှာ ဝါညို၊ အညိုနဲ့ ညိုမှိုင်းလာကြမယ်။ နီရဲရဲနဲ့ နီညိုညိုလဲပါတယ်။ ကြားထဲမှာက အစိမ်းနုနဲ့ အစိမ်းရင့် တင့်တင့်တယ်တယ်။ 
အပင်တိုင်းဟာ တပြိုင်တည်းမှာ အရောင်ပြောင်းကြတာ မဟုတ်ပါ။ ရောင်စုံပန်းချီကားချပ်ကြီးကို လေးဘက်လေးတန်မှာ ချိတ်ထားသလိုနေတယ်။ ဆွဲပြီးသားကို ချိတ်ထားတာလဲ မဟုတ်သေးပါ။ ဆက်ဆွဲနေတဲ့ပန်းချီကား။
တချို့ရပ်ဒေသ၊ တချို့တိုင်းပြည်တွေမှာ အရွက်တွေဟာ ရင့်ဟောင်းလေလေ တန်ဘိုးလျှော့လာလေလေ။ ပစ်ပယ်ခံရလေလေ ဖြစ်ရရှာတယ်။ အကျည်းတန်ကြတယ်။ 
မြန်မာပြည်မှာ ရွက်သစ်တွေရော ရွက်ဟောင်းတွေပါ လှကြပါစေ။ ဟောင်းနေတာတွေကိုပါ အသုံးချနိုင်ပါစေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ