Skip to main content

November နိုဝင်္ဘာလ

၂၀၂၄ ခုနှစ် နိုဝင်္ဘာလဟာ မြန်မာလို ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့ကနေ တန်ဆောင်မုန်းလကွယ်နေ့အထိ ကျရောက်တယ်။
နိုဝင်္ဘာလမှာ ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းဦးနဲ့ တောင်ခြမ်းမှာ နွေဦးရာသီတွေ စတယ်။ အမေရိကနဲ့ ကနေဒါနိုင်ငံတွေမှာတော့ Thanksgiving Day ကျေးဇူးတော်နေ့ကို ဒီလထဲမှာ ရုံး အလုပ် အားရက်အဖြစ် ဆင်နွှဲကြတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးသီးနှံတွေ ထွက်ခဲ့တာကို ကျေးဇူးတင်တဲ့သဘော ဖြစ်ပါတယ်။ အမေရိကမှာ နောက်ဆုံးကြာသပတေးနေ့နဲ့ ကနေဒါမှာ အောက်တိုဘာလ ဒုတိယတနင်္လာနေ့လို့ သတ်မှတ်ထားတယ်။ ကလေးတွေ စိတ်ဝင်တစားနဲ့ ကြောက်စရာကို ပျော်စရာလိုလုပ်ကြတဲ့ Halloween ဟဲလိုးဝင်းနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်ပါတယ်။ 
နိုဝင်္ဘာလ နှစ်ပတ်လည်နေ့များ
နိုဝင်္ဘာ ၁ဝ ရက် = အင်ဒိုနီးရှား အမျိုးသားသူရဲကောင်းများနေ့
နိုဝင်္ဘာ ၁၁ ရက် = ပိုလန် နဲ့ အင်ဂိုလာလွတ်လပ်ရေးနေ့
နိုဝင်္ဘာ ၁၄ ရက် = အိန္ဒိယနိုင်ငံ ကလေးများနေ့ (နေရူးမွေးနေ့)
နိုဝင်္ဘာ ၁၄ ရက် = World Diabetes Day ကမ္ဘာ့ဆီးချိုရောဂါနေ့
နိုဝင်္ဘာ ၁၇ ရက် = National Prematurity Awareness day ကိုယ်ဝန်စောမွေးခြင်းအသိပညာပေးနေ့
နိုဝင်္ဘာ ၁၈ ရက် = လက်ဗီယန်လွတ်လပ်ရေးနေ့
နိုဝင်္ဘာ ၂ဝ ရက် = မက်ဆီကိုတော်လှန်ရေးနေ့
နိုဝင်္ဘာ ၂၂ ရက် = လက်ဘနွန်လွတ်လပ်ရေးနေ့
နိုဝင်္ဘာ ၂၅ ရက် = International Day for the Elimination of Violence against Women နိုငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ ပပျောက်ရေးနေ့
နိုဝင်္ဘာ၂၈ ရက် = အယ်လဘေးနီးယားလွတ်လပ်ရေးနေ့
အမေရိကမှာ သတ်မှတ်ခြင်းများ
• Native American Heritage Month ဌာနေအမေရိကန် ရှေးဟောင်းအမွေအနှစ်လ
• Pancreatic Cancer Awareness Month သရက်ရွက်ကင်ဆာ အသိပညာပေးလ
• Chronic Obstructive Pulmonary Disease (COPD) Awareness month နာတာရှည် အဆုပ် ပိတ်ဆို့ရောဂါ အသိပညာပေးလ
• Alzheimer's Disease Awareness Month အယ်လ်ဇာမိုင်ယာရောဂါ အသိပညာပေးလ
• American Diabetes Month အမေရိကန်ဆီးချိုရောဂါ အသိပညာပေးလ
• Lung Cancer Awareness Month အဆုပ်ကင်ဆာ အသိပညာပေးလ
• Crohn's & Ulcerative Colitis Awareness Month အူမကြီးရောဂါများ အသိပညာပေးလ
• National Stomach Cancer Awareness Month အမေရိကန် အမျိုးသား အစာအိမ်ကင်ဆာ အသိပညာပေးလ
• National Prematurity Awareness Month အမေရိကန် အမျိုးသား လမစေ့မွေးခြင်း အသိပညာပေးလ
• Epilepsy Awareness Month အတက်ရောဂါ (ဝက်ရူးပြန်ရောဂါ) အသိပညာပေးလ
• National Pulmonary Hypertension Awareness Month အမေရိကန် အမျိုးသား အဆုပ်သွေးတိုးရောဂါ အသိပညာပေးလ
• Peanut Butter Lovers Month မြေပဲထောပတ်လ၊
• National Good Nutrition Month အဟာရကောင်းလ၊
• National Pepper Month ငရုတ်ကောင်းလ၊
• National Sleep Comfort Month သက်တောင့်သက်သာအိပ်စက်ခြင်းလ၊
• Aviation History Month လေကြာင်းသမိုင်းလ၊
နိုဝင်္ဘာလ၏ သင်္ကေတနဲ့ အဆောင်
(၁) Chrysanthemum ဂန္ဓမာပန်း
(၂) Topaz ဥဿဖရားကျောက်
Zodiac signs ဆယ်နှစ်ရာသီခွင်
(၁) Scorpio ကင်းမြီးကောက် (ဗြိစ္ဆာ) (၂၁ ရက်နေ့အထိ)
(၂) Sagittarius လေးကိုင်ယောက်ျား (ဓနု) (၂၂ ရက်မှစ၍)
၁၅-၁၁-၂၀၂၄ နေ့ဟာ တန်ဆောင်တိုင်ပွဲတော်နေ့ဖြစ်တယ်။
ကျွန်တော့နေ့များ
၁-၁၁-၁၉၆၅ ဆေးကျောင်းစတက်ရတဲ့နေ့။
၂၈-၁၁-၁၉၉၀ ည ပုလဲအိမ်ကို စစ်ထောက်လှမ်းရေးတွေက လာဖမ်းတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...