လွန်ခဲ့တဲ့ ၈ နှစ်တိတိက ဒီလိုနေ့ ညမှာ ဆီးနှင်းကျတယ်။ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
ကနေ့ စနိုးတော့ မကျ အပြင်မှာ အေးမယ်။ အိမ်ပြင် မထွက်ရဲ။
မဲဇာတောင်ခြေရတု
၃။ ပွဲခါညောင်ရေ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊ ဝန်းကာ ဝှေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။
ဒေါက်တာတင့်ဆွေ
အင်ဒီယာနာပိုးလစ်
၃၁-၁၀-၂၀၁၄ ည ၈ နာရီ ၅၀ မိနစ်
Comments
Post a Comment