သခင့်ခြံတွင်
တပွင့်ကျန်သော ပန်းကလေး။
မခူးအား၍
ဆူးကြားကျန်ရစ်ခဲ့သလော။
မခူးရက်၍
ဆူးထက်ချန်ရစ်ခဲ့လေသလော။
မခူးလို၍
ဆူးညိုကြားတွင် သူ့ကံပင်ဟု
တမင်စွန့်ခဲ့လေသလော။
မည်သို့ဖြစ်စေ
သခင့်မြေ၌ ညနေရီနှင့်
လွမ်းအောင်ပွင့်သည့် တပွင့်ကျန်သေး
ပန်းကလေးကြောင့်
တေးသည်ငှက်ဆွေ အဆွေးပြေသည်
နွေဦးဆန်းစမှာတကား။
(တင်မိုး) ရေဆန်လေဆန်ကဗျာများ
၁၄-၁၀-၁၉၇၃
ပေါ်လစီသတ်ပုံနဲ့ရေးခဲ့တာမဟုတ်ကြောင်း တင်ပြအပ်ပါတယ်။ မြန်မာစာခြံထဲမှာ သတ်ပုံမှန်ရေးသူတွေ တပွင့်မက ကျန်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment