Skip to main content

ပါပီ ဖစ် တေ မာ ကင်ဆာ

1. Female ပါ အပျိူပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ်
2. ကင်ဆာ ဖြစ်ထားတဲ့သူနဲ့ alcohol နဲ့ တည့်လားရှင့် အမြဲတန်းတော့မဟုတ်ပါဘူးရှင့် အလုပ်က လူကြီးတေနဲ့ ဆုံမဲ့အချိန်တေမှပါရှင့် ကျေးဇူးပြုပြီး ဖြေပေးကြပါဦးရှင့် (ကျွန်တော့်ကိုမေးတာတော့ မဟုတ်ပါ။ သတ်ပုံကို တင်ပြချင်လို့ဖြစ်ပါတယ်။ တေ မဟုတ် တွေ လို့ရေးရ။)
3. ကင်ဆာဆေးတတိယအကြိမ်သွင်းပီး(ပြီး)ခေါင်းတေ(တွေ) မခံမရပ်နိုင်အောင်ပွင့်ထွက်မတတ်ထိုးပီး(ပြီး) နားတေ(တွေ)ပါကိုက်တဲ့ Bad side effect ကို ကြုံဘူးကြလားရှင့် ကြုံဘူးတဲ့သူတေ(တွေ) ဝေဒနာ သက်သာအောင် ဘ(ဘယ်)လိုလုပ်ရမလဲ ဆိုတာ ကူညီ ရှင်းပြစေလိုပါတယ် ခု ဆေးခန်းက ဆရာဝန်နဲ့ ဆေးထိုးဆေးသွင်းလုပ်နေပင်မဲ့ ခဏပဲသက်သာလို့ပါ 
4. ကင်ဆာသမားတေစိတ်ဓာတ်နှင့်စိုးရိမ်မှုကအဓိကပါရှင့် စိတ်ဓာတ်မကျနဲစိုးရိမ်စိတ်မများနဲ ညီမအသက် ၃၈ပါ (တေ မဟုတ် တွေ လို့ရေးရ။)
5. ကျနော့်အသက် ၂ရပါ ဆံပင်တွေကျွတ်တာ နဖူးတောင်ပြောင်လာပါပြီဆရာ ဆံပင်ဆေး ဆရာဝန်တေနဲ့ ဆွေးနွေးတာ ဟော်မုန်းကြောင့်တဲ့ပြောတယ်ဆရာ ဟော်မုန်းဓာတ်မညီတာဆိုတာ ဘာပါလဲဆရာ ပြီးတော့ ကျနော် လည်ချောင်းတေလဲ တအားပူပြီး မူးတတ်တာရော ဟော်မုန်းနဲ့ ဆိုင်ပါသလားဆရာ ဘာဆေးသောက်ရင် အထောက်ကူပြုနိုင်ပါလဲဆရာ ကျနော်က နယ်ဘက်ကပါ ဆရာ ကျနော့်မှာ မေမေပဲရှိပါတော့တယ် မေမေကလဲ ကင်ဆာနဲ့ပါ ဆံပင်တေကျွတ်တော့ ဆရာဝန်တေနဲ့ ဆွေးနွေးတာ ကုရင် တအားစျေးနှုန်းတေများလို့ပါဆရာ (တေ ရေးတာမှားနေတယ်။)
6. ကျနော် goitre ဖြစ်နေတယ် သံသယရှိလို့ သွားပြကြည့်ပါတယ်ဆရာ Result တေအရ ဘာ treatment မှ မလိုဘူးပြောပါတယ်ဆရာ (တေ ရေးတာမှားနေတယ်။)
7. ခွဲစိတ်ပြီးကတည်းက ရင်သားတေ(တွေ)က နာလိုက်စူးလိုက်နက် မသက်သာဘူးဖြစ်နေတယ်ရှင့် ရင်သားတေဠက အနာမပျောက်တာကြောင့်ရက်သားတေ(တွေ)ကို အန်ထွာစောင်း(ဆောင်း) ရိုက်ခဲ့ရတယ်ရှင့် အထဲက အကြောလေးတေ(တွေ)ထိုးနေသလိုလို ဖြစ်ပြီး ကြောတေ(တွေ)လဲ အရမ်းအောင့်ပါတယ်ရှင့်
8. ငါးခူကို အမဲတေ အချွဲတေပြောင်အောင်တိုက်နေကြတုန်းပဲလား (တေ မဟုတ် တွေ လို့ရေးရ။)
9. ငါရို့ချစ်တေ မြို့စစ်တွေ (ရခိုင်လိုရေးထားတာဖြစ်ပါတယ်။ ဘယ်လိုအဓိပ္ပါယ်ပါလဲ မေးကြည့်ပြီးပြီ။ သူ့ဘာသာစကားနဲ့သူ မှန်သတဲ့။)
10. စာရင်းမပိတ်သေးပါ။ ထပ်တိုးလို့ရပါတယ်။ အဖေါ်အများဆုံးရှိတာကတော့ ကင်ဆာနေရာ။
11. ဆရာ ကျွန်မ အသက် ၂၇ ပါ ကိုယ်ဝန် ၂၁ ပတ်ထဲမှာပါ ကလေး ဆံပင်တေသန်ဖို့ အရပ်ရှည်ဖို့ ဘာတေ စားသင့်ပါလဲ ဘာဓာတ်တေလိုအပ်ပါလဲဆရာ (တေ ရေးတာမှားနေတယ်။)
12. ဆရာပို့တာတေ(တွေ)ကို လေ့လာထားပါ့မယ်
13. ဆရာမလေးရဲႋ အပျိုကြီးကျမ တစ်ကိုယ်တည်း(တကိုယ်တည်း)ဘဝနဲ့ဆိုတဲ့ ကကြိးလေးတေ ချစ်လို့လေ့လာခဲ့ဖူးတယ် (တေ မဟုတ် တွေ လို့ရေးရ။)
14. ဆရာရှင့် Valprol CR-300 Depakine-200mg Quatapine ဒီဆေးတေပါ Valprol ကတော့ စိတ်တအား တက်နေချိန်ဆို သောက်ပါတယ် Depakineနှင့် Quatapine ကတော် စိတ်ပြန်ကျနေချိန်ဆို သောက်ရပါတယ်ဆရာ ဆေးလေးတေရဲ့ ဘေးထွက်ဆိုးကျိုးလေးများ သိချင်လို့ပါဆရာ (ဆေးတွေလို့သာ ရေးရ။ မြန်မာဆေးမှာ တေဆေးလို့ရှိလို့ ဖြေထားပြီး။ အခုလည်းထပ်ရေးတယ်။)
15. ဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့် သမီးလေးမှာအဲ့လိုအဖုလေးတေပေါက်နေပါတယ် ချိုင်းကြားတေ ပေါင်ကြားတေမှာရောပါ ဆေးခန်းတေလည်း သွားတယ် မသက်သာလို့ပါဆရာရှင့် ဘာဆေးလိမ်းရမလည်း ဘာဆေးသောက်ရမလည်း ဆိုတာ ညွှန်ကြားပေးစေလိုပါတယ် ဆရာရှင့် (တွေလို့ရေးရတယ်။)
16. ဆရာရှင့် စိတ်အတက်အကျဆေးတေရဲ့ဘေးထွက်ဆိုးကျိုးလေးတေသိချင်ပါတယ်ရှင့် မောင်လေးသောက်နေရတာ ၂နှစ်နီးပါးရှိနေပါပြီ ပြီးတော့ စိတ်ဆေးတေက တသက်လုံး သောက်ပေးရမှာလားရှင် သူဖြစ်နေတာက manic ပါဆရာ (ဆေးတေလို့ မရေးရ။ ဆေးတွေလို့သာ ရေးရ။ မြန်မာဆေးမှာ တေဆေးလို့ရှိ။)
17. ဆရာရှင့် တားဆေး Depo ထိုးပြီးရင် အာ့သုံးလအတွင်း ကလေးမရနိုင်တာသေချာပါသလားရှင့် ကျွန်မက အခုအစထိုးရမာမို့ပါ အလုပ်တေကြောင့် ကလေးမလိုချင်သေးလို့ပါရှင့် ဖြေပေးပါဦး သုံးလပြီးရင်တော့ကလေးယူတော့မာပါ တားဆေးသုံးလို့ဆိုးကျိူးတေကရောဘာဖြစ်တတ်ပါသလဲ (ဆိုးကျိူးတေ မဟုတ်။ ဆိုးကျိူးတွေလို့ရေးရတယ်။)
18. ဆရာရှင် သမီးကျောက်ကပ်ရောင်ပါတေရှင် ဘယ်ဆရာအကောင်းဆုံးဆိုတာသိရှင်ပါတေရှင် (ပါတေရှင်လို့ရေးတာ မှားတယ်။)
19. ဆရာရှင် အသက်က ၂၉နှစ်ပါရှင်။ မျက်နှာမှာ အမည်းစက်တေဖြစ်တာ အိမ်ထောင် မကျခင်ကတည်းကပါ။ (အမည်းစက်တေလို့ရေးတာ မှားတယ်။)
20. တခုတကယ်နားမလည်မသိလို့မေးခွင့်ပြုပါရှင့် ကျွန်မတို့ဗုဒ္ဓဘာသာမှာ သူတပါးအသက်ကိုသတ်ရင် ငရဲကြီးတာသိကြပါတယ် ကိုယ်ထိလက်ရောက်သတ်သည်ဖြစ်သည်မသတ်သည်ဖြစ်စေ ပါဏာတိပါတာ ကံထိုက်လားသိလိုတာပါ မေးချင်တာရိုးရိုးလေးမေးရရင် အခုလိုင်းပေါ်မှာ ခတ်အခြေအနေအရ မိမိနဲ့အဆင်မပြေသူ မိမိမကြိုက်မနစ်သက်သူ တို့ tay ရင် ဝမ်းမြောက်နေကြတာမြင်ရများလာလို့ပါ မိမိနဲ့အဆင်မပြေသူမိမိနဲ့ရန်သူတွေကို အားပါးတရဝမ်းသာအားရ tay စေလိုရင်ကော ပါဏာတိပါတကံထိုက်မထိုက်သိချင်တာပါ (ဘာသာရေးမေးခွန်းကို မဖြေလိုပါ။ tay ဆိုတာဘာလဲ၊ အသံထွက်အရဆို (တေ) ကိုပြောတာလား။)
21. တခုတကယ်နားမလည်မသိလို့မေးခွင့်ပြုပါရှင့် ကျွန်မတို့ဗုဒ္ဓဘာသာမှာ သူတပါးအသက်ကိုသတ်ရင် ငရဲကြီးတာသိကြပါတယ် ကိုယ်ထိလက်ရောက်သတ်သည် ဖြစ်သည်မသတ်သည်ဖြစ်စေ ပါဏာတိပါတာ ကံထိုက်လား သိလိုတာပါ မေးချင်တာ ရိုးရိုးလေးမေးရရင် အခုလိုင်းပေါ်မှာခတ်အခြေအနေအရ မိမိနဲ့အဆင်မပြေသူ မိမိမကြိုက်မနစ်သက်သူ တို့ tay ရင်ဝမ်းမြောက်နေကြတာမြင်ရများလာလို့ပါ မိမိနဲ့အဆင်မပြေသူ မိမိနဲ့ရန်သူတွေကို အားပါးတရဝမ်းသာအားရ tay စေလိုရင်ကော ပါဏာတိပါတကံ ထိုက်မထိုက် သိချင်တာပါ
22. တင်ပါးဆုံ ရိုးမှာ အကျိတ်ဖြစ်ပီး အရိုးတေ မရှိတော့ဘူး
23. ဒေါက်တာ ကျွန်မက အသက်၂၄ပါ အရင်လတေက အရေးပေါ်တားဆေးသောက်ပါတယ် ၉လပိုင်းအထိ သောက်ခဲ့ပါတယ် (တေ ရေးတာမှားနေတယ်။)
24. ဓာတ်ကင်ရင် ဘာတေလိုအပ်လဲ ဘာတေယူသွားရမလဲ ဘာတေကျွေးသင့်လဲ ဆိုတာ ပြောပြပေးကြပါအုံးနော် မနက်ဖြန် ပထမဆုံးကင်ရမှာမို့ အတွေ့အကြုံလေးမျှပေးကြပါအုံးရှင့်
25. နှာခေါင်းတေ ယားယားပြီလဲ ချီတယ် အလာဂျစ့်ဖြစ်တယ်လို့ပြောတယ် Alery နေ့တိုင်းသောက်နေရတယ် ဆေးရှိန်ပြေသွားရင် ပြန်ဖြစ်တယ် မပျောက်ဘူးဖြစ်နေတယ် ဆရာဝန်တေလဲ စုံပြီ ဆေးမြှီးတိုတေလဲ မရပါဘူး တအားခံစားနေရတယ် ဘာလုပ်ရမလဲမသိပါ ကူညီပါဆရာဝန်ရယ် အကြံလေးတော့ပေးပါဆရာ ကျေးဇူးကြီးမားလှပါတယ် (နှာခေါင်းတေ၊ ဆရာဝန်တေ၊ ဆေးမြှီးတိုတေ၊ တေရောဂါကူးစက်တာဖြစ်တယ်။)
26. နို့သီးခေါင်းက ယားပြီး ကုတ်ရင် ဖြူဖြူအဖတ်တေ ပါလာတယ်
27. နိုင်ငံခြားကပြန်လာတဲ့ အမျိုးသမီးတယောက် သူ့ခရီးသွား အတွေ့ကြုံရေးထားတာ သတ်ပုံ တွေ အကုန်အမှား။ တွေ လို့ သုံးရမဲ့နေရာ မှာ အကုန် ဝဆွဲ မပါ။ တေ တွေ နဲ့ ချည်း ရေးထားတာ။ (ကျွန်တော်လည်း ပြည်တွင်းမှာ မနေရပါ။ နှစ် ၃၀ လောက်ကြာပြီ။ တသက်လုံး တွေ နဲ့ တေ မမှားပါ။)
28. ပထဆုံး ကီမိုသွင်းရင် ဘာတေ ဖြစ်လဲ သိတဲ့သူများ ဖြေပေးပါလားရှင့်
29. ပထဆုံး ကီမိုသွင်းရင် ဘာတေ ဖြစ်လဲ သိတဲ့သူများ ဖြေပေးပါလားရှင့်
30. ဖတ်ပါတယ်ရှင် ဆရာ လက်တေ(တွေ) ကိုက်နေတာကျ ကင်ဆာလက္ခဏာလို့ ပြောကြလို့ပါ
31. ဘုန်းကြီးကျောင်းမှာ နေခဲ့တဲ့အချိန်တေသတိရ
32. မင်္ဂလာပါဆရာ ကျနော့အသက် ၂၃ပါ ဆရာ အာသီးရောင်နေတာ သုံးပတ်ကျော်နေပြီဆရာ မပျောက်သေးဘူး ကျနော်ဘလိုနေထိုင်ရမလဲဖြေပေးစေလိုပါတယ် လည်ပင်းအကြောတေလဲ တင်းနေတယ်ဆရာ
33. မင်္ဂလာပါဆရာရှင့် ကျွန်မက ၁ နှစ် ၈ လသားကလေး နို့တိုက်မိခင်ဖြစ်ပြီး အသက် ၃၁ နှစ် ပါဆရာ ကန်တော့ပါရှင့် ပြီးခဲ့တဲ့ ၅ ရက်လောက်က ကျွန်မ ရာသီလာနေစဥ်အတွင်းမှာ ခန္ဓာကိုယ်အနှံ့ ယားယံလာပါတယ်ဆရာ ကုတ်လိုက်ရင် အပိန့်တေထ(တွေ)လာပါတယ် နာရီဝက်လောက် နေရင်တော့ ပြန်ပျောက်သွားပြန်ပါတယ်ဆရာ ယားလိုက် ပျောက်လိုက်နဲ့ ဖြစ်တာဆိုရင် အခုဆို တစ်ပတ်ခန့်(တပတ်ခန့်)ရှိပါပြီဆရာရှင့် အရင်ကတော့ တစ်ခါမှ(တခါမှ) မဖြစ်ဖူးပါဘူးဆရာ sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်ပေမယ့် အခုလောက် ယားယံတာမျိုးကို ပထမဆုံး ခံစားဖူးတာပါဆရာ အခု ရာသီလာချိန်ပြီးသည့်တိုင်အောင် ယားတာက ဆက်ဖြစ်နေတုန်းပါပဲ ဆရာ ဘယ်လိုလုပ်ရင် သက်သာနိုင်မလဲ ဆိုတာလေးကို ကျေးဇူးပြုပြီး ဖြေကြားပေးပါဦး ဆရာရှင့် လက်မှာ အပိန့်တွေ ထွက်လာတဲ့ ပုံပါဆရာရှင့်
34. မဆလ၊ နဝတခေတ်ကိုအချို့မိဘတေဟာ ကို့သားသမီးတေကို သူတို့ကိုယ်ပိုင်လုပ်ငန်းတွေမှာ ဆက်ခံဖို့ ကြိုတင်ပြင်ဆင်ပီးသား၊
35. မြေကြီးကဗွက်တေနဲ့လားဆရာ (ဗွက်တေ မဟုတ်။ ဗွက်တွေ။)
36. မေးရိုးအောက်နဲ့ မေးစိအောက်မှာ အကြိတ်(အကျိတ်)တွေစမ်းမိနေလို့ ကင်ဆာကြိတ်(ကျိတ်)ဖြစ်နေမာဆိုးလို့ (စိုးလို့) ကင်ဆာဆရာဝန်နဲ့ပဲ ပြရမလားရှင့်
37. ရင်သားကင်ဆာပါ ဆေးသွင်းပီး(ပြီး)တာ ၁နှစ်ခွဲ ဆေးသောက်နေပါတယ် ခုအရိုးတေ အရမ်းနာနေတယ် ဖြစ်တတ်လားဟင်
38. ရင်သားမှာ လက်လေးလုံးလာက်အကျိတ်မာကျပ်ကြီးပေါလာ4 လပိုင်း အသားစစစ် အဖြေတန်းပေါခွဲစိတ် နောက်တလ ဆေးသွင်း her2+အမျိုးအစား မြောက်ဥကလာဆေးရုံကြီးမှာ ဆေးသွင်း 6ကြိမ် herz ဆေး 17 ကြိမ်သွင်း တနှစ်တိတိပြည့်တော့ရန်ကုန်ဆေးရုံကြီး ဓါတ်ရောင်ခြည်ပြ ခု 5နှစ်ပြည့်ပြီမို့ ကင်ဆာမိသားစုဝင်တေကိုအားပေးချင်တာကြောင့်ပုံလေးတေတင်ပြရစေနော်
39. လက်ပံပွင့်သံဇဉ်တိးလုံးလေးပါ Remix ပြန်တိးချင်တဲ့ဆရာတေအတွက်
40. ဝင်သာကြည့်သွား ရှယ်တေကြီးဘဲ ပင်ရင်းမို့လက်လီလက်ကားမှာ ယူနိုင်ပါတယ် အိမ်အရောက်ငွေချေ ရ
41. သမီးက အကျိတ်တွေ့လို့ ultrasound ရိုက်တာ စိုးရိမ်ရတဲ့ အကျိတ် မဟုတ်ဘူး ပြောလို့ပါရှင့် ဆရာရှင် သမီးက ၂၀၁၇က တကြိမ် ခွဲဖူးပါတယ် လွန်ခဲ့သော တနှစ် ကျော် လောက်က အကျိတ်ပြန်တွေ့ပါတယ် တချို့ က ပြောကြတယ် ဒုတိယ အကြိမ် အကျိတ်က ကင်ဆာ ဖြစ်နိုင်တယ် ပြောကြလို့ပါရှင် အကျိတ်ရှိတဲ့ဘက်က တခြမ်းလုံး လက်တေ(တွေ) ကိုက်ပါတယ်
42. သြော်အခုတော့ လွမ်းစရာတေပြည့်နှက်နေသောငါန်းဇွန်ရယ် မိုးသံတေခြိမ့် ခြိမ့်ချိန်းနေသောနေ့ရက်တွေကိုမမေ့သော
43. အစာစားပီးရင်လည်ပင်းကတင်းသလိုပကြိတ်ရောင်သလိုနဲ့နောက်ကျောကအမြဲမနာ ဘူးထမင်းစားပီးမှဖစ်တာအဲ့ဒါကင်ဆာလက္ခာလားသိတဲ့သူကြံုဖူးသူတေပြောပြ ပေးပါဖစ်တာ၄လလောက်ရှိပီ
44. အစာရေမြိုကင်ဆာလက္ခာကဘယ်လိုတေပြလဲဟင်သိတဲ့သူများပြောပြပေးပါ
45. အဆင့်တေကို ဘေးဖယ်ထားပီး(ပြီး)စနစ်တကျ chemo ဆေးသွင်း ရာဝန်ညွှန်တဲ့တိုင်းလုပ်ပါ hemo သွင်းတာက ကင်ဆာဆဲလ်တေမပြန့်အောင် သေအောင် ထိန်းပေးတာပါ
46. အပျိူပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ် (တေ ရေးတာမှားနေတယ်။)
47. အမေက သားအိမ်ထုတ်ထားတာ နှစ်ပါတ်ပဲရှိပါသေးတယ်ရှင့် အသားစ အဖြေစစ်တော့ သားအိမ်ကင်ဆာ အဆင့်၂လို့ပြောပါတယ် ဆရာဝန်က မြောက်ဥက္ကလာဆေးရုံမှာပြဖို့ညွှန်းပါတယ် အဲ့ဒါဓာတ်ရောင်ခြညိ ၆လ ပေးရမယ်တဲ့ ဓာတ်ရောင်ခြည်ပေးဖို့ကျ ရန်ကုန်ဆေးရုံကြီးမှာ booking တေ(တွေ)ပြည့်နေတာ ၆လ လောက်စောင့်ရမယ်လို့ပြောပါတယ် အမေ့ခြေနေက ခန္ဓာကိုယ်ရော ခြေထောက်တေ(တွေ)ရော ခွဲထားတဲ့ဗိုက်အနာမကျပ်သေးတာရောကြောင့် စူးပြီးကိုက်ခဲနေတယ် ဝမ်းလဲတအားချုပ်ပါတယ် ၆လစောင့်ဖို့ကျ တအားကြီးကြာသွားမှာမို့ ဘာလုပ်သင့်လဲဘယ်လိုက ပိုအဆင်ပြေလောက်မလဲ 
48. အောင်ဆန်းကွင်းကဂိတ်တေပိတ်တယ်ဆိုတာ အောင်ဆန်းကွင်းကိုအဆင်မြင့်တင်ဖို့ပြန်ပြင်မှာမို့ ဂိတ်တေပိတ်ရတာပါ Express ကားတေမှာ လူမဲ့တန်ဆာတင်ခွင့်မပြုဘူး (တေ မဟုတ် တွေ လို့ရေးရ။)
အရေအတွက် တိုးတိုးလာနေသော တေ https://burmese-spelling.blogspot.com/.../blog-post_639.html
တေ အသင်းသို့ နောက်ဆုံးဝင်ရောက်လာသူများ https://burmese-spelling.blogspot.com/.../blog-post_492.html
(တေ) အသင်းသို့ နောက်ဆုံးဝင်ရောက်လာသူများ https://burmese-spelling.blogspot.com/.../blog-post_492.html
တာတေ အသင်း ပိုမိုအင်အားတောင့်တင်းလာခြင်း https://burmese-spelling.blogspot.com/.../blog-post_639.html
(ဖစ်) နှင့် (ကင်ဆာ) အမျိုးတော်သလား https://burmese-spelling.blogspot.com/.../exclusive-club...
ကင်ဆာနဲ့ မာ အမျိုးတော်သလား https://burmese-spelling.blogspot.com/.../blog-post_564.html
ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://burmese-spelling.blogspot.com/.../blog-post_782.html
ကင်ဆာနဲ့ မာ ဖစ် တေ ပီး နက် ဂ ဘ အမျိုးတော်ကြသလား https://burmese-spelling.blogspot.com/.../blog-post_287.html
Cancer Words ပီး ဖစ် တေ မာ နှင့် ကင်ဆာ https://burmese-spelling.blogspot.com/.../cancer-words.html
ကကြီးခခွေး နောက်တလုံးတိုးပြီ https://burmese-spelling.blogspot.com/.../blog-post_89.html
P B D ရောဂါများ https://burmese-spelling.blogspot.com/2022/10/p-b-d.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ