သန်းခေါင်မကျော် ကြယ်မပေါ်မီ
ဟိုမျှော်သည်မှန်း ယောင်ကန်းကန်းနှင့်
စမ်းတဝါးဝါးဖြစ်ဦးမည်။
အုန်းမောင်းမခေါက် မိုးမသောက်မီ
လမ်းပျောက်၍သာနေဦးမည်
အမှောင်တွင်းက သီချင်းသည်။
ကြယ်နီမပေါ် စည်မဆော်မီ
ရဲဘော်လေလား ရန်သူလားဟု
ဝိုးဝါးဖြစ်နေပေဦးမည်
အမှောင်တွင်းက သီချင်းသည်။
ဆရာတင်မိုး ၂၀-၂-၁၉၇၄ နေ့က ခရေဆယ်ပွင့် တိမွေးကုတက္ကသိုလ် ဆယ်နှစ်ပြည့်စာစောင်မှာ ပေးပို့ခဲ့တဲ့ကဗျာ
စမ်းတစ်ဝါးဝါးဖြစ်နေကြတဲ့ အမှောင်တွင်းက သီချင်းသည်တွေ အလင်းရောက်ကြပါစေ။ မီ နဲ့ မှီကိုလည်း သတ်ပုံမှန်ကြစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment