ဆရာ TV ကြည့်နေရင်း လျှပ်စစ်မီးမလာတော့တဲ့အခါပြောလေ့ရှိတဲ့ မီးပျက်သွားပြီ နဲ့ မီးပြတ်သွားပြီ ဘယ်ဟာကအမှန်လဲဆိုတာ သိချင်လို့ပါဗျ
ခဏခဏတင်ပြထား။
ကွန်မင့်ကနေထြေရင် မပြည့်စုံနိုင်။ blog မှာတင်ထား။
1.
၁
နှစ်နီးနီးလောက်ပစည်း ပျက်သွားတဲ့ဆေးလေးပြန်ရောက်ပြီ (ပစ္စည်းပြတ်လို့ ရေးရတယ်။
ပျက်ဆိုတာ ပျက်စီးတာ။ သုံးမရတော့တာ။ အဲလိုမှားရေးသူတွေ အတော်ကို များတယ်။)
2. Tamoxifen တွေ့ စျေးတွေ့က တအားတက်နေလို့ 28000 တဲ့ အ
ရင် 19000 ပဲ ရှိတာ ဘယ်မြို့ မှာ စျေးချို သေးလဲ ၅နှစ် ဆေးသောက်နေ့ တဲ့ မိတ်ဆွေ့ သူငယ်ချင်းများ အလင်းပြပေးပါအုန်း မဝယ်ရသေးဘူး ဆေးပျက် (ဆေးပြတ်) တာ ၁၀ရက်ကျော်နေပြီ ၃နှစ် မပြည့်သေးဘူး သောက်နေတာ နေပြည်တော် ရန်ကုန်မှာ ဘယ်စျေးရှိလဲ ပြောပြကျ (ကြ)ပါအုန်းရှင့် ကျေးဇူးတင်ပါတယ်3.
ကျမက
သုံးလနဲ့ကိုယ်ဝန်ပျက်သွားပါတယ် စားဆေးနှစ်လစားပြီး မစားတော့ပါဘူး အခုဆေးဖျက်
(ဖြတ်) တာ ငါးလရှိပါပြီ ကလေးယူမယ့်အချိန်မှ ကျမလည်ပင်းက သိုက်ရွှိုက်ရောင်နေလို့
ဆေးစားနေတာရက် ၂ဝလောက်ရှိပါပြီ ကလေး မရနိုင်ဘူးလို့ ပြောကြတယ် ပြနေတဲ့ဆရာဝန်ကို
မမေးရဲလို့ပါရှင် အခုကျမအသက်က ၃၈နှစ်ရှိပါပြီ ကျေးဇူးပြုပြီး
ရှင်းပြပေးစေချင်ပါတယ်
4.
ကလေးလိုချင်လို့
ဆေးဖျက်ထားတာ ရနိုင်ပါ့မလားအသက်က ၃၇ပြည့်ပြီး (ဆေးဖြတ်လို့ရေးရတယ်။)
5.
ငွေ
တကျပ်မှာ မှန်ပြီး ငွေပြတ်တာကျမှ မှားတာလေး တွေ့မိလို့ပါဆရာ အမြင်မတော်တော့လဲ
ပြောမိသွားပြန်ရောခင်ဗျ (ပို့ပေးသူ ကျေးဇူး။)
6.
ငါးတံခွန်
အကိတ် ငါးလျှာပြက်
အကိတ်ရောက်ပါတယ်နော် - ငါးတွေအကြောင်း သိပ်မသိပါ။ ငါးလျှာပြက်တော့ မဟုတ်လောက်လို့
ထင်တယ်။
7.
ဆရာ
ကျွန်မအသက်က ၂၀ ပါ။ အိမ်ထောင်ကျတာ ၂ နှစ်ပြည့်တော့မယ်။ ဆေးဖျက်(ဖြတ်)ထားတာ
၄လပိုင်းကပါ။ လတိုင်း ရာသီလာပါတယ်။
8.
ဆရာ
မြန်မာစကားမှာ ပေါ့ပြက်ပြက်ကို တွေ့ရပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပျက်ပျက်ကိုတော့ အခု G10
သင်ရိုးသစ်မှာ တွေ့ရပါတယ် ဆရာ။
ပေါ့ပေါ့ပြက်ပြက်လား၊ ပေါ့ပေါ့ပျက်ပျက်လား သိပါရစေ ဆရာ။ (ပျက်စီး နဲ့ ပြက်ရယ်
ခွဲထားတယ်။)
9.
ဆရာ
သမီးက အသက် ၂၀ ပါ။ အိမ်ထောင်သက် ၁ နှစ်နဲ့ ၇ လပါ။ ကလေးကမရသေးဘူးရှင်။ ပထမကိုဝန် ၄၉
ရက်နဲ့ ပြက်ကြဖူးပါတယ်ရှင်။ (ပျက်ကျဖူးပါတယ်ရှင်လို့ ရေးရတယ်။)
10.
ဆရာ
သမီးအသက် ၂၂ ပါ။ အိမ်ထောင်သက်တမ်း ၄ လရှိပြီ။ ပထမ ၂ လက ဆေးသောက်ပါတယ်။ နောက် ၂
လကို ဆေးဖျက်(ဖြတ်)ထားတာ ခုထိကလေးမရသေးပါဘူးဆရာ။
11.
ဆရာ
အမတယောက် အသက် ၄၀။ ကိုယ်ဝန်ရတာ ဒါနဲ့ဆို ၄ ခါရှိပါပြီ။ ၃ လ၊ ၄ လဆိုတာနဲ့
ပြတ်ပြတ်ကျ (ပျက်ပျက်ကျ) နေပါတယ်။ ဘာဆေးစားရပါသလဲးဆရာ။ (လဲမှာ ဝစ္စပေါက် မလိုပါ)
12.
ဆရာရှင့်
ကိုဗစ်ကာကွယ်ဆေးက နို့တိုက်မိခင်ထိုးလို့မရဘူးလို့ သိထားပါတယ် ကလေးက ၃ နှစ် ၇
လပါဆရာ ခုထိ နို့မပျက် (ပြတ်) သေးပါဘူး ကာကွယ်ဆေးထိုးပီး(ပြီး)ရင် နို့ကိုဖျက်
(ဖြတ်) သင့်ပါလားရှင့် ဆက်တိုက်လို့ကောရပါလားရှင့်။
13.
တင်းလွန်းလျှင်ပျက်လို့တင်တာတခု
တွေ့လိုက်တယ်။ ပြတ်လို့ရေးရတယ်။ ပျက်ဆိုတာ ပျက်စီးတာ။
14.
ထပ်မေးပါရစေဆရာ
လျှပ်စစ်ပြက်က မီးပြက်၊ ရေပြက်လို့ သုံးရမှာလားဆရာရှင့်။ ကျွန်မ အရင်က မီးပြတ်
ရေပြတ်လို့ သုံးပေမဲ့ တချို့စာမှာ မီးပျက် ရေပျက်လို့ ရေးတာတွေ့ရပါတယ်။
15.
ဒီမှာ
ကိုယ်အောင်ချိမ့် ဆေးလိပ်ဆိုတာဖျက်လို့မရဖူး ခဏပဲနားလို့ရတာ။ (ဖြတ်လို့ ရေးမှသာ
မှန်တယ်။ ဖျက်ဆိုတာ ရေးပြီးသားကဗျာကို မကြိုက်လို့ဖျက်တာ။)
16.
ပြတ် နဲ့
ပျက် ဘယ်လိုသုံးနှုန်းတာကွာလဲဆရာကြီး (မင်းနဲ့ငါပြတ်ပြီ မင်းဆံပင် သုံးပင်ပျက်ပြီ
မင်းနဲ့ငါပျက်ပြီ မင်းဆံပင်သုံးပင်ပြတ်ပြီ) ဘယ်ဟာမှန်လဲဗျ
17.
ဘယ်လိုဘဲဖျက်ဖျက်မပြက်တာက
ဒုက္ခ (ဘယ်လိုဘဲဖျက်ဖျက်မပျက်တာက ဒုက္ခလို့ ရေးရတယ်။)
18.
ဘောလုံးပွဲလိုင်းပျက်တောက်နေပါတယ်ရှင်
တဲ့။ (ဘောလုံးပွဲလိုင်းပြတ်တောက်လို့ရေးရ။)
19.
မဂ်လာပါ
ဆရာခင်ဗျ ကျမ်းမာရေးနဲ့တော့ မဆိုင်ပါဘူး ခင်ဗျ သမီးရည်းစား လမ်းခွဲတာကို ပျက် (or)
ပြက် ဘယ်စာ အမှန်ပါလဲ ခင်ဗျ
20.
မီးပျက်တာ
မန်းလေးတမြို့ထဲတော့မဟုတ်ဘူး (သတ်ပုံမှန်လို့ တင်ပြခြင်းသာဖြစ်ပါတယ်။ တချို့က
မီးပြတ်တဲ့။ တချို့က မီးပြက်တဲ့။)
21.
ရိုးပြက်တောမှာ
လှနေရှာ - ရိုးပြတ်တောလို့ ရေးရ။
22.
ရုပ်လုံးတွေပေါ်လာပြီပဲ
လုပ်စရာရှိရင် ပြက်ပြက်သားသားလုပ် - ပြတ်ပြတ်သားသားလို့ ရေးရတယ်။
23.
လျှပ်စစ်တို့သည်
တညီးညီးပြက်ကုန်၏လို့တင်ထားတာကို မေးပါတယ်။ လျှပ်စစ်တို့သည် တညီးညီးပျက်ကုန်၏
ထင်ရဲ့ဆရာ ပျက်စီး ပြက်ရယ်ပြု အမှားပါရင် ခွင့်လွှတ်ပါ။ (ပြက်ပြက်ထင်ထင်လို့
ရေးပါတယ်။)
24.
အခုဆေးက
ဒီလ ၁၁ ရက်နေ့မှာ ၂၈ လုံးကုန်ပါပြီဆရာ။ ဆေးဖျက်(ဖြတ်)ထားချင်ပါတယ်ဆရာ။
25.
အသက် ၂၇၊
အမျိုးသမီး ကိုယ်ဝန်ယူဖို့ ဆေးဖျက်(ဖြတ်)ထားတာပါရှင်။ ဘာအားဆေးတွေသောက်သင့်လဲ။
26.
အသက်က ၂၀
ပါ မ ပထမကိုယ်ဝန်ပြတ်ကျဖူးပါတယ်ဆရာ ရာသီလာတာ တစ်လ(တလ)ကို ၈ ရပ်လောက်
လာပါတယ်ဆေးလဲမထိုးပါဘူးဆေးလဲမသောက်ပါဘူးဆရာ ကလေးရနိုင်လားဆရာ ကိုယ်ဝန်ပြတ်တာ ၈
လရှိပါပြီဆရာ (ကိုယ်ဝန်ပျက်ကျလို့ရေးရတယ်။ တလကို ၈ ရက်လောက်လာပါတယ်လို့ရေးရတယ်။
ကိုယ်ဝန်ပျတ်တာ ၈ လရှိပါပြီလို့ရေးရတယ်။)
27.
အသက်က
၂၀။ ဆေးဖျက်(ဖြတ်)ထားတာ ၄လရှိပြီ။ ယခု ရာသီလာရင်း အသားစပါလာပါတယ်။
28.
အသားတွေလဲ
ပုတ်(ပုပ်)၊ ရေခဲသေတ္တာနားတောင်မသွားရဲ အနံတွေထွက်နေတာ။ အတော်ကို စိတ်ပြတ်၊
မေရီးကားပဲ သွားနေတော့မယ် (စိတ်ပျက်လို့ အမေရိကားကို သွားနေတော့မည်ဟု ပြတ်သားစွာ
ဆုံးဖြတ်လိုက်ပြီရေးရ။)
29.
အသီးအရွက်ပြက်ပီ
တဲ့။ (အသီးအရွက်ပြတ်ပြီလို့ ရေးရတယ်။ အဲဒီသတ်ပုံ ၂ ခုကို မှန်အောင်မရေးတတ်သူတွေ
အတော်ကို များတယ်။)
ပြက်
ထုပြက်အလျားအနံ။
ပြက္ခဒိန်။
ပြက်
(ကြိယာ) = ဖြန့်လွှမ်းသည်။
ပြက်
(ကြိယာ) = ရယ်မောဖွယ်ပြောသည်၊ ပြုသည်။ အရွှန်းဖောက်သည်။
ပြက်
(ကြိယာ) = ရုတ်တရက်လင်းလက်သည်။
ပြက်
(ကြိယာ) = အတန်ငယ် ထည့်စွက်သည်။ ထန်းလိက်ချိုရုံပြက်။
ပြက်ကွယ်
= အမှန်အကန်မထွက်ဆို၊ ထိန်ချန်သည်။
ပြက်ချော်ချော်။
ပြက်ပြက်
= အရောင်အဝါ ထင်လင်းမြင်သာစွာ။
ပြက်ပြက်ထင်ထင်
(ထင်ထင်ရှားရှား)။
ပြက်ပြက်ထင်ထင်
= သေချာစွာ။
ပြက်ရယ်ကျီစယ်။
ပြက်ရယ်ပြုသည်။
ပြက်လုံးထုတ်။
ပြက်သိကာ
= အနည်းငယ် ပါသည်ဆိုရုံမျှ။
ပြိုးပြိုးပြက်ပြက်။
လက်ဝါးပြက်။
လျှပ်စစ်ပြက်။
လူပြက်
(လူရွှင်တော်)။
သပြက်ပင်။
ပျက်
ကိုယ်ဝန်ပျက်ကျ
စည်းကမ်းပျက်
စိတ်ပျက်လက်ပျက်
တရားပျက်
ပျက္ခဒိန်
(အသုံးဟောင်း)
ပျက်ကျေ
ပျက်စီး
ပျက်စီးဆုံးပါး
ပျက်ပြယ်
ပျက်ပြား
ပျက်ပြို
ပျက်ပြုန်း
ပျက်ယွင်း
ပျက်သုဉ်း
ပေါ့ပျက်ပျက်
မပျက်မကွက်
လူပျက်
(ပျက်စီးနေသောသူ)
ဝမ်းပျက်
သွေးပျက်
အကြံအစည်ပျက်
အစားပျက်
အနေအထိုင်ပျက်
အဖြစ်အပျက်
အသွားအလာပျက်
ပြတ်
ကြိုးပြတ်သည်
စာပေတည်းပြတ်သည်၊
တည်းဖြဋ်သည် (နောက်သုံး = တည်းဖြတ်သည်)
ဆွေပြတ်မျိုးပြတ်
တိကျပြတ်သားသည်
နွားသိုးကြိုးပြတ်
ပြတ်ကင်းသည်
ပြတ်သောဓါး
ပုတ်ပြတ်အလုပ်
ရိက္ခာပြတ်သည်
အစဉ်မပြတ်
အပြတ်အသတ်နိုင်သည်
လျှံရွှေစင်
ပြိုးပြိုးပြက် လျှပ်စက်ရောင်ခြည်မျှင်၊ ဗျူဟာဆင် မိုးလုံးပြည့်
တရွေ့ရွေ့ယူဆဲဲတွင်။ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖေါ်ပြ အာကာဝေဟင်၊
ဘယ် ရှေးဝဋ်ကြွေးတုံ့တင် ချေပြီ ထင်ခဲ့ ခိုမီရာမဲ့ ရှုလှဲ့မြင်လှဲ့စေခင်
ချစ်တဲ့သူရဲ့ရင်ခွင် တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင်
ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင် အော် မိုးသက်လေနှင်
ပျက်
ပြတ် ဖျက် ဖြတ် https://burmese-spelling.blogspot.com/2024/08/blog-post_806.html


Comments
Post a Comment