Dr Swe မဟုတ်ပဲကိုး။
ကျောင်းစရောက်တော့ အမည်ဘယ်လိုခေါ်ရမလဲ မေးတယ်။ ရွှေဗမာပီပီ တော်သလို သင်သလိုအကျင့်ပါနေတော့ ရုတ်တရက်ဆိုသလို တင့် လိုက်မိရာကနေ တင့်ဖြစ်သွားတယ်။ အသံထွက်နည်းပါ ပြောရတယ်။ သူတို့က ဖတ်စ်နိမ်းထက် လတ်စ်နိမ်းကို ပိုသုံးကြတာ သဘောမပိုက်မိ။ ထရမ်း၊ ဘိုင်းဒင်။ ဆွေလုပ်လိုက်ရင် -
SWE = Society of Women Engineers ကိုယ်က အင်ဂျင်နီယာလည်း မဟုတ်။
အသံထွက်နီးစပ်တဲ့ Sway ကို ဂူဂယ်ထရန်စလိတ်က လျို တဲ့။ ဂူဂယ်က ဗမာ သူလျိုထောက်လှမ်းရေးအကြောင်း သိပုံမရ။ ကျွန်တော်က စစ်ထောက်လှမ်းရေးဘေးကနေ ထွက်ပြေးရတာ။
နောက်တနေရာမှာ Sway ယိမ်းတဲ့။ ကျွန်တော်က မန်းပန်တျာကျောင်း မတက်ခဲ့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment