Skip to main content

မောင် ကို ဦး မ ဒေါ်

မောင် ကလောင်အမည်များ

ဂီတလုလင် မောင်ကိုကို၊ 

မောင်ကိုယု

မောင်ခင်မင် (ဓနုဖြူ)

မောင်ချောနွယ်

မောင်စွမ်းရည်

မောင်စူးစမ်း

မောင်ဆွေတင့် 

မောင်ဆုရှင်

မောင်ထင်

မောင်နေဝင်း

မောင်ပန်းမွှေး

မောင်ပေါက်စည် (မန်းတက္ကသိုလ်) (ခ) ဒေါက်တာ အန်ဒရေမြဟန်

မောင်ပေါ်ထွန်း

မောင်လှမျိုး (ချင်းချောင်းခြံ)

မောင်ဝဏ္ဏ

မောင်သစ်မင် (တေးရေးဆရာ)

မောင်သာနိုး

မောင်သာရ

သိပ္ပံမောင်ဝ

ဒဂုန်တာရာရဲ့ ကလောင်ခွဲအမည်တွေက များတယ်။ (ရှာထားတာ) 

- တက္ကသိုလ်မောင်နန်းနွယ်

- ဒဂုန်တာရာ

- မောင်ကြာညွှန့်

- မောင်ချုံ

- မောင်ဂီတ

- မောင်ဂန္တဝင်

- မောင်စ

- မောင်းစန်းထိုက်

- မောင်စန်းအောင်

- မောင်စိမ်းမြ

- မောင်ဌေးမြိုင်

- မောင်ဌေးမြိုင် (တက္ကသိုလ်ကျောင်းတိုက်)

- မောင်နန်းနွယ်

- မောင်ဘတင့်

- မောင်မျိုးသန့်

- မောင်ရန်နောင်

- မောင်လင်းထင်

- မောင်သစ္စာ

- မောင်သန္တာ

- မောင်အံ့ဘွယ်

မောင်သာရသတင်းကို ချီးမွမ်းအပ်ပြီး ဂုဏ်သတင်း တင်သင့်တယ်။ ဒါပေမဲ့ တသက်တာကို မှန်အောင် မရေးသူတွေလည်းတွေ့ရတယ်။ မောင်ကို ဦးလုပ်ပေးသူတွေကပါသေး။

တယောက်က ရေးတယ်။ ဦးမင်းနောင် အန်တီဒေါ်မာမာအေး အန်တီဖြူသီ သူတိုသုံးယောက်သီဆိုပုံကို နားထောင်ဖူးတာ သီချင်းစာသားတွေကလည်း တယောက်တမျိုးစီ။ အဆိုပိုင်းမှာတော့ အန်တီဒေါ်မာမာအေးကို အကြိုက်ဆုံးပဲဆရာတဲ့။ အနုပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အမည်တွေမှာ ဦး၊ ဒေါ်၊ ကို၊ မ၊ ဒေါက်တာ စသည်မထည့်သင့်ပါ။ အမျိုးစပ်ခေါ်ကြတာလည်း မသင့်ပါ။ 

အထူးပြုထားတဲ့အမည်တွေကိုလည်း ရှေ့နောက်ကအစ မပြင်အပ်ပါ။ ဘုတလင်ချစ်လေး၊ လူထုဦးလှ။ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)။ ရှုမဝဦးကျော်။ အမည်သတ်ပုံကိုလည်း မပြောင်းကောင်းပါ။ ဒဂုန်ရွှေမျှား၊ ဒဂုန်တာရာ။

အနုပညာရှင်တွေကတော့ မပြောကြပါ။ အလိုက်သိရမယ်။ စည်းသိရမယ်။ သဘာသာပြန်ကောင်းတဲ့ မြသန်းတင့်ကို ရှေ့ကနေ မစ္စတာ၊ မွန်စီယာ ထည့်ကြည့်ပါလား။

ကလောင်အမည်ဆိုတာ အနုပညာရှင်တွေက တကူးတက အမြတ်တနိုးရွေးထားကြတာ။ သူတိုရွေးထာတာကို မဖျက်ကောင်း မပြင်ကောင်းပါ။ လေးစားသမှုနဲ့ ဆရာ၊ ဆရာမ၊ စာရေးဆရာ၊ အဆိုတော်၊ ကဗျာဆရာ ဖြစ်စေ ထည့်လိုက ထည့်နိုင်တယ်။ မျက်နှာချင်းဆိုင်တွေ့လို စကားပြောရင်တော့ အယဉ်ကျေးဆုံး စကားလုံး ရွေးရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ