Skip to main content

Anawratha of Burma အနော်ရထာ

ဆရာ အနော်ရထာအကြောင်းလေးပါ ရေးစေချင်

အနော်ရထာအကြောင်းကို (ဒေါ်) ခင်မျိုးချစ် (၁၉၁၅ - ၁၉၉၉) က Anawratha of Burma စာအုပ်ရေးခဲ့တယ်။ နောက်ပိုင်း ထပ်ထုတ်တော့ King Among Men လို့ အမည်ပြောင်းထုတ်ပါတယ်။ 'ဘားမား' စာလုံးက ဆင်ဆာနဲ့ ငြိနေလို့လား မသိပါ။

ကျွန်တော်က ရာဇဝင်ထဲက အနော်ရထာ (၁၀၄၄-၁၀၇၇) နဲ့ သာလွန်မင်း (၁၆၂၈-၁၆၅၆) တို့ကိုသဘောကျခဲ့တယ်။ အနော်ရထာကိုတော့ ပဌမမြန်မာနိုင်ငံကိုတည်ထောင်နိုင်သူနဲ့ အရည်းကြီးတွေကို ရှင်းနိုင်လို့ ဖြစ်ပါတယ်။ သာလွန်မင်းက နိုင်ငံကိုပြန်တည်ထောင်တယ်။ ၁၆၃၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပဌမဆုံးလူဦးရေနဲ့ မြေယာစစ်တမ်း ကောက်ယူတယ်။ ချွေတာစုဆောင်းရေး အားပေးတယ်။ 

၁၁-၁၁-၂၀၁၄ နေ့က အနော်ရထာကယ်ပါလို့ ရေးခဲ့တယ်။ အမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်း ပြုနိုင်ရန်အတွက် အပျိုစစ်ဦးရေ မည်မျှရှိသည်ကို မဘသ အဖွဲ့က စစ်တမ်းကောက်ဆိုတာ တွေ့လို့။ ဟုတ်တာ မဟုတ်တော့ မသိပါ။

မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂၀) ပါးရှိတယ်။ စစ်အစိုးရကတော့ စစ်ဘုရင်တွေဖြစ်ကြတဲ့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ကိုရွေးပြီး အရုပ်တွေနဲ့ ကိုးကွယ်ပါတယ်။

ကနေ့ခေတ်မှာ အရည်းကြီးလက်သစ် စစ်တမ်း ကောက်သင့်ပြီ။

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၂၀

Comments