Skip to main content

မိန်ရာသီ

ရေး - ဦးဘသိန်း

မူလအဆို - ကိုအံ့ကြီး

ခိုင်ရွှေညှာဝင်း

နှင်းကြွင်းဖွဲ့ မိန်လရာသီ

လေသွေးရာချီ

ရွှေဖီငုံကင်း

အင်းကြင်းတွေကနီ

သန္တာရည်

တောလုံးဖြာချေပြီ

ခိုင်ရွှေညှာဝင်း

နှင်းကြွင်းဖွဲ တဲ့ မိန်လရာသီ

လေသွေးရာချီ

ရွှေဖီ ငုံကင်း

အင်းကြင်းတွေကနီ

သန္တာရည်

တောလုံးဖြာချေပြီ

ငွေရည်

နှင်းငွေရည်

ထွေလည်

ဆင်းထွေလည်

လေပြည်

ညှင်းလေပြည်

ငွေရည်

နှင်းငွေရည်

ထွေလည်

ဆင်းထွေလည်

လေပြည်

ညှင်းလေပြည်

ညှင်းလေပြည်က

မြောက်တောင်နှော

ရွက်ဝါမြေခလို့

သက်ကြွေလျှောခဲ့ပြီ

သင်္ဂီ တောလုံး ဖြာချေပြီ

ဝတိံဘုံနန်း

တိမ်စုံတွေ လျှမ်းတင့်ခဲ့ပြီ

လွမ်းရေးဖွဲ့မည်

ကြင်ဖော်မျှော်ရည်

ဝတိံဘုံနန်း

တိမ်စုံတွေ လျှမ်းတင့်ခဲ့ပြီ

လွမ်းရေးဖွဲ့မည်

ကြင်ဖော်မျှော်ရည်

သူနဲ့သာတူညီ

ဖူးလိုက်ချင်ငဲ့

သြော် ဦးခိုက်ချင်ပါရဲ့လို့

သဲပုံစေတီ

သူနဲ့သာတူညီ

ဖူးလိုက်ချင်ငဲ့

သြော် ဦးခိုက်ချင်ပါရဲ့လို့

သဲပုံစေတီ

ငွေလရောင်ခြည်

ဘရဂုဏ္ဏီနှင့်

ယှဉ်မီထွန်းကာ

ယွန်းရှာချေပြီ

မိန်ရာသီ

ဝတိံဘုံနန်း

တိမ်စုံတွေ လျှမ်းတင့်ခဲ့ပြီ

လွမ်းရေးဖွဲ့မည်

ကြင်ဖော်မျှော်ရည်

သူနဲ့သာတူညီ

ဖူးလိုက်ချင်ငဲ့

သြော် ဦးခိုက်ချင်ပါရဲ့လို့

သဲပုံစေတီ

သူနဲ့သာတူညီ

ဖူးလိုက်ချင်ငဲ့

သြော် ဦးခိုက်ချင်ပါရဲ့လို့

သဲပုံစေတီ

ငွေလရောင်ခြည်

ဘရဂုဏ္ဏီနှင့်

ယှဉ်မီထွန်းကာ

ယွန်းရှာချေပြီ

မိန်ရာသီ။   ။

(တီး +ဆို - ဒေါက်တာလှဘူး) https://www.facebook.com/100009798001388/videos/764986204750190

ဒေါက်တာတင့်ဆွေ

Comments