ကဗျာကို တေး
သီချင်းရေးသည်
ကလေး
ရယ်သံများနှယ်တည်း။ ။
နတ်သျှင်နောင့်တေး၊
နဝဒေးပျို့
စာဆို့
လက်ရာ၊ ပန်းကဗျာကို
လင်္ကာသူခိုး၊
သူမိုက်မျိုးတို့
စောင်းကြိုးပဲ့တင်၊
သီချင်းပြင်၍
ထင်ပေါ်ကျော်ကြား၊
`ငါတကား'
ဟု
သူများဦးနှောက်၊
ထုတ်ယူဖောက်ကာ
ကောက်ကျစ်စဉ်းလဲ၊
အသံမွဲဖြင့်
လေထဲမှာအော်၊
တကြော်ကြော်လျှင်
ဝင့်ပျော်
ပလွှား၊ မော်မော်ကြွားလည်း
ငါကားစိတ်ပျက်၊
ရှက်ကြီးရှက်စွာ
လက်ကိုတုံးဆင့်၊
ကျိန်စာသင့်အောင်
ဓားနှင့်
ပိုင်းပိုင်း ဖြတ်ချင်တကား။ ။
(ဒေါင်းနွယ်ဆွေ)
ရှေးစာကဗျာများ
ကျေးဇူး။
အခုခေတ်ကဗျာဆရာတွေကတော့ `ငါတစ်ကား' တဲ့။ 'တစ်ကြော်ကြော်လျှင်' တဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment