Skip to main content

တိရစ္ဆာန - တိရစ္ဆာန်

ကျောင်းမှာ တိရိစ္ဆာန်လို့သင်ပြီး စာမေးပွဲမှာ တိရစ္ဆာန်လို မေးတယ်ဆရာ ဘယ်ဟာကအမှန်ဖြစ်မလဲလို့ ကလေးကမေးလို့ပါ (တိရစ္ဆာန်)

တရားစာတခုမှာ စကြာရေးတာ မှားနေတယ်။ စကြာဝဠာလို့ ရေးရ။ မြန်မာစာမှာသုံးနေတဲ့ မာဂဓဘာသာကို အခြေခံတဲ့ မြန်မာစာလုံးများကို ပါဠိသက် စကားလုံးများလို့ ခေါ်တယ်။

ပါဠိသက် စကားလုံးများ

ကထိန - ကထိန်

ကန္န - ကန်ရာသီ

ကမ္မ - ကံ

ကာယ - ကိုဝ် (ယ်)

ဂဏန - ဂဏန်း

ဂန္ထ - ကျန်းဂန်

ဂဟ - ဂြိုဟ် (သကဋ)

ဂုဏ - ဂုဏ်

ဂေါမုတ္တ - ဂေါမုတ်ကျောက်

စကြာဝတေးမင်း

စကြာဝဠာ

စက္က - စကြာ (သကဋ)

စျာန - စျာန်

စာရိတ္တ - စာရိတ်

စေတသိက - စေတသိက်

ဇနပဒ - ဇနပုဒ်

ဇာတက - ဇာတ်

ဉာဏ - ဉာဏ် (န်)

ဌာန - ဌာန်

တိရစ္ဆာန - တိရစ္ဆာန်

ဒါန - လှူဒါန်း

ဓမ္မပထ - ဓမ္မပဒ

ဓာတု - ဓာတ်

နက္ခတ္တ - နက္ခတ်

နာမ - နံ

နိယာမ - နိယံ

ပံသုကူလ - ပင့်သကူ

ပဉ္စယံ - ပစ္စယံ

ပဋိလောမ - ပဋိလုံ

ပဋ္ဌာန - ပဋ္ဌာန်း

ပဒ - ပုဒ်

ပဒ - ပုဒ်

ပယောဂ - ပြယုတ် (သကဋ)

ပရိသ - ပရိသတ်

ပါသာဒ - ပြသာဒ် (သကဋ)

ပုဂ္ဂလ - ပုဂ္ဂိုလ်

ပုထုဇန - ပုထုဇန်

ပုရောဟိတ - ပုရောဟိတ်

ပေတ - ပြိတ္တာ

ဗလ - ဗိုလ်

မဂ္ဂ - မဂ်

မဟာသမတ - မဟာသမတ်

ရူပ - ရုပ်

လောကဓမ္မ - လောကဓံ

သံယောဇန် - သံယောဇန် (ဉ်)

သကဒါမိ - သကဒါဂမ်

သဏ္ဌာန - သဏ္ဌာန်

သုဝဏ္ဏ - သုဝဏ်

သုဝဏ္ဏသာမ - သုဝဏ္ဏသျှံ

ဟံသာဝတီ - ဟင်္သာဝတီ

အဓိပတိ - အဓိပ်

အနာဂိမိ - အနာဂါမ်

အနုလောမ - အနုလုံ

အန္တရာယ - အန္တရာယ်

အပါယ - အပါယ်

ဥဒါန - ဥဒါန်း

သမုဒ်ဧရာ၊ မြစ်ငါးဖြာမှ၊ ဆုံလာလှည့်ဝိုက်၊ ရစ်၍့ဆိုက်သား၊ လိုက်လိုက်ဖြိုးဖြိုး၊ ဖြန့်မိုးစကြာ၊ အဝါဟူးဟူး၊ နေထက်ထူးမျှ၊ ပန်းဦးမဉ္ဇူ၊ ဆက်လှူသဘင်၊ မြသီးတင်ဟု၊ (နတ်ရှင်နောင်)

စကားထာနဲ့ ပဟေဠိများကို ပြောပြကြတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_239.html

ပဌမ နှင့် ပထမ https://dr-tint-swe.blogspot.com/2021/05/blog-post_77.html

အဆင့်ပါစာလုံးများ https://dr-tint-swe.blogspot.com/2021/12/blog-post_120.html

အန္တရာယ် https://dr-tint-swe.blogspot.com/2021/12/blog-post_450.html

အဓိဋ္ဌာန် သန္နိဋ္ဌာန် https://dr-tint-swe.blogspot.com/2022/02/blog-post_264.html

ဋ္ဌ နဲ့ ဠ မှားရေးထားတယ် https://dr-tint-swe.blogspot.com/2022/08/blog-post_266.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ