ကာတွန်းက ခေတ်နောက်ကျတယ်။ အခုခေတ်မှာ သတင်းစာဖတ်သူ မရှိ။ အိုင်ဖုန်း။
‘ခလေး’ အသုံးလည်း ခေတ်နောက်ကျတယ်။ ကလေး’ နေမကောင်းရင် ‘ကလေး’ ဆေးရုံသွားရမယ်။ ‘ခလေး’ ဆေးရုံ မရှိ။
‘ခုတင် ၅၀၀ ဆံ့ဆေးရုံ’ လို့ရေးတာလည်း ရှေးကျတယ်။
“ထိုသည်ရှေ့က၊ ထားလေ့တသွယ်၊ ခုတင်ငယ်ကား၊ နံလျား တောင်စွင့်၊ အမြင့်နှစ်မိုက်”။
‘ခုလေးတင်’ = မကြာသေးမီ အခိုက်အတန့်အတွင်း (မြန်မာဘိဓာန် အကျဉ်းချုပ် ၁၉၇၈)။
အခုခေတ်မှာ ‘သမီးအမရဲ့ကလေး’ လို့သာ ရေးကြ ပြောကြတယ်။ အလွန်ယဉ်ကျေးတဲ့ ‘ကျမ’ အသုံး ကွယ်သလောက်နီးနီး ရှားလာပြီ။
‘သမီးအမ’ ဆိုတာလည်း သူ့သမီးဘဲ။ သမီး ၂ ယောက်မွေးထားသူ။ အခုကလေးက အကြီးမ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment