စောင်းကြိုး ခေတ်သံ
သဲ့သဲ့လေးကြားနေတယ်
ညဉ်းတွား ရှိုက်သံ
ရေးရေးလေးကြားနေတယ်
လောက အလှ သူနာကြည်းသွားလို့
ဖြစ်မယ် ထင်တယ်
အို..အို.. မိန်းကလေးရယ်
ဘယ်သူ့အတွက်လဲ
ခေါင်းလောင်း ထိုးသံ
သဲ့သဲ့လေး ကြားနေတယ်
ဆည်းလည်းတိုးသံ
ရေးရေးလေး ကြားနေတယ်
လောက ဓမ္မ သူမြင်သိသွားလို့
ဖြစ်မယ် ထင်တယ်
အို..အို.. ခေါင်းလောင်းထိုးသံ
ဘယ်သူ့ အတွက်လဲ
နောက်ဆုံးမို့ မေးရဦးမယ်
ဘယ်သူ့အတွက် ရှိုက်တာလဲ
စောင်းကြိုး ရှိုက်သံရယ်
ပျောက်ဆုံးလို့ သွားခဲ့ရတယ်
အို.. သူ့အတွက် ရှိုက်တာလား
ညဉ်းသွား ရှိုက်သံရယ်
နောက်ဆုံးမို့ မေးရဦးမယ်
ဘယ်သူ့အတွက် ထိုးတာလဲ
ခေါင်းလောင်းထိုးသံရယ်
ပျောက်ဆုံးလို့ သွားခဲ့ရတယ်
အို.. သူ့အတွက်ထိုးတာလား
ခေါင်းလောင်းထိုးသံရယ်
ခေါင်းလောင်းထိုးသံရယ်
လား...လား..လား..
ခေါင်းလောင်း ထိုးသံ
သဲ့သဲ့လေး ကြားနေတယ်
ဆည်းလည်းတိုးသံ
ရေးရေးလေး ကြားနေတယ်
လောက ဓမ္မ သူမြင်သိသွားလို့
ဖြစ်မယ် ထင်တယ်
အို..အို.. ခေါင်းလောင်းထိုးသံ
ဘယ်သူ့ အတွက်လဲ
နောက်ဆုံးမို့ မေးရဦးမယ်
ဘယ်သူ့အတွက်ထိုးတာလဲ
ခေါင်းလောင်းထိုးသံရယ်
ပျောက်ဆုံးလို့ သွားခဲ့ရတယ်
အို..သူ့အတွက်ထိုးတာလား
ခေါင်းလောင်းထိုးသံရယ်
ခေါင်းလောင်းထိုးသံရယ်
လား...လား..လား။ ။
https://www.youtube.com/watch?v=3YCs0qE8wKk
ဒေါက်တာတင့်ဆွေ
Comments
Post a Comment