ဤကြွက်ယုတ် မြင့်စွာ ခုန်တက်နိုင်ခြင်းမှာ ဥစ္စာကြောင့် ဖြစ်၏။ ယခုအခါ ဥစ္စာမဲ့သွားပြီဖြစ်သော ကြွက်သည် ယခင်လို မခုန်နိုင်တော့။ (ဟိတောပဒေသ)
ဗာလ အစုတ်၊ လူသူယုတ်ကို
ရိုက်ပုတ်၍သာ၊
ယဉ်စေရာရှင့်
မိုက်စွာ
လှည့်ငြား၊ ခင်ပွန်းအားလည်း
စကားဆိုမြဲ၊ မဆိုဘဲလျှင်
လှီးလွှဲနေထ၊
ယဉ်စေကြလော့
မိန်းမတို့မှာ၊
မကောင်းပါက
ဥစ္စာထပ်ကြပ်၊
မအပ်သဖြင့်
ယဉ်စေသင့်၏၊
စားခွင့်
သောက်ရာ၊ အစာ၌မူ
တက်မက်သူကို၊
ကြည်ဖြူအစာ
မပေးပါက၊ ယဉ်ကုန်ကြသည်
ဆုံးမဖို့ရာ ဧကန်တည်း။
။
တကွဲထို့ပြင်၊
စွမ်းအင် ခွန်အား
နည်းပါးကြသူ၊
အကြင်လူတို့
ကိုယ်တူစိတ်မျှ၊
ပေါင်းစုကြသော်
ပြင်ပရန်သူ၊ အားရှိမူလည်း
ရေးယူ မငြို၊
ရန်လုံးပြို၏
ခိုမင်း
ငုံးမင်း၊ အောင်ခြင်းအသွင်
မြက်ပင်မျှတည်း၊
ပေါင်းစည်းမြဲအောင်၊
လှည့်ပတ်နှောင်သော်၊
ဆင်ပြောင်
မပြေး၊ ပမာသွေးသည်
မဝေးပုံပြင် အတီတည်း။
။ (အမှာတော်ရေး ဦးရှင်ကလေး)
ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment