ပန်းတွေ အပေါ်မှာ ကျွန်တော် မသာယာတတ်ဘူး။ မသာယာမိဘူး။ တချို့ပန်းများဆို မုန်းတောင် မုန်းသေးတယ်။ ပိတောက်ပန်းလို ဟာမျိုး။ တနှစ်မှာ တရက်လောက်ပဲ ပွင့်တယ်။ လူတွေက တနှစ်လုံး ရွက်စိမ်း တဝေဝေနဲ့ နေတဲ့ ပိတောက် အပင်ကြီးတွေကို အသိအမှတ် မပြုကြဘူး။ တရက်လောက် ပွင့်တဲ့ ပန်းတွေကိုပဲ အသိအမှတ် ပြုတတ်ကြတယ်။ အပင်တွေ၊ အရွက်တွေက ဘယ်လောက်များ ရင်နာလိုက်ကြမလဲ။ အသိအမှတ်ပြုခြင်း မခံရတာလည်း ရင်နာစရာပဲ မဟုတ်ဘူးလား။ ဒီကြားထဲ ပိတောက်ပန်း အနံ့က ညှီစို့စို့ စိမ်းရွှေရွှေရယ်။ ရင်ခွဲတိုက်ထဲမှာ နံတဲ့ အနံ့မျိုး နံတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် သူက ပြောလေ့ရှိတယ်။
(Shared By Louis Augustine)
မူရင်းစာတွေထဲပါ စာလုံးပေါင်းသတ်ပုံနဲ့ အကြောင်းအရာတွေကို မှားအောင်ပြင်မတင်၊ ပြင်မထုတ်သူများ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ ခုခေတ်မြန်မစာကတော့ ပိုးသတ်ဆေးတွေ၊ မြေသြဇာဓါတ်တွေ၊ ဟော်မုန်းဆေးတွေများနေတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment