Skip to main content

ပြင်ပြန်ထုတ်စာအုပ်များ ပြန်ပြင်တင်စာများ

ဖတ်ကြည့်တာပါဆရာ။ အကျွန်ရဲ့ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် page မှာ စာဖတ်ရင်း ဆရာ ကွန်မန့်​တွေ့၍ ဝင်ဖတ်ကြည့်တာပါဆရာ။ ဝါသနာအရ ကဗျာစပ်၊ ပန်းချီဆွဲ၊ ဘုရားစာကျက် (သုတဗုဒ္ဓ level 2) ​ဖြေရန် နံက်အရုဏ်တိုင်းတရားထိုင် ​စိတ်ကိုကြည်လင် အကုစိတ်မဖြစ်​အောင်ပြုပြင်​နေထိုင်​နေပါတယ် လူမှု​ရေးအသင်း၊ ရခိုင်အမျိုးသမီးအသင်းမှာ ( - ) တာဝန်ယူကာ လူစိုက်​ငွေစိုက် ပင်ပန်း​ပေမဲ့ လုပ်ချင်​နေတယ်။ ဂါရဝဖြင့် ( - )။
တရား၊ စာ၊ ကဗျာ၊ သီချင်းစာသား ဆိုတာတွေကို မူရင်းအတိုင်း ထုတ်ထားတာ၊ တင်ထားတာတွေကိုသာ ဖတ်သင့်ပါတယ်။ 
၁၉၉၁ လောက်ကတည်းက -
- ပြင်ပြန်ထုတ်စာအုပ် ၉၅% လောက်ဟာ မူရင်းစာလုံးပေါင်းသတ်ပုံ အမှန်တွေကို မှားအောင်ပြင်ပြီး ထုတ်နေကြတယ်။ 
- ကူးတင်တာ ၉၅% လောက်လည်းမူရင်းစာလုံးပေါင်းသတ်ပုံ အမှန်တွေကို မှားအောင်ပြင်ပြီး တင်နေကြတယ်။ 
- သီချင်းစာသား ၉၉% လောက် မမှန်ပါ။ 
ကနေ့ခေတ်မှာ -
- အလွန်တော်တဲ့ ဆရာတော်ကြီးတွေရဲ့ ကျမ်းစာတွေ၊ တရားစာအုပ်တွေ၊
- အလွန်အားကိုးထိုက်တဲ့ စာရေးဆရာတွေ ရေးခဲ့တာတွေ၊
- အလွန်ဖတ်လို့ကောင်းတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေ
- အလွန်နားထောင်ကောင်းတဲ့ သီချင်းတွေကို ဖျက်ဆီးနေကြခြင်း ဖြစ်ပါတယ်။ 
အဲလိုလုပ်နေတာတွေက ဖတ်တဲ့သူ ပေါများတယ်။ ရောင်းမလောက်ဖြစ်ကုန်ကြတယ်၊ ကျမ်းစာအုပ်တွေ ဝယ်လှူနေကြတယ်၊ အွန်လိုင်းမှာ ပလူပျံနေတယ်။ 
မလုပ်ကောင်းပါ။ မလုပ်ထိုက်ပါ။ မလုပ်ရပါ။ 
ကျွန်တော့လက်ထဲမှာ မူရင်းစာအုပ်တွေ အတော်များများရှိလို့ ထောက်ပြနိုင်တာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ