Skip to main content

April ဧပြီလ

၂၀၂၄ ခုနှစ် ဧပြီလဟာ မြန်မာပြက္ခဒိန်မှာ ၁၃၈၅-၈၆ ခုနှစ်၊ တပေါင်းလဆုတ် (၈) ရက်ကနေ တန်ခူးလဆုတ်(၇) ရက်နေ့အထိ ဖြစ်တယ်။ ရာသီပန်းတွေက တန်ခူးလအတွက် ကံ့ကော်ပန်းနဲ့ ပိတောက်ပန်း၊ ကဆုန်လအတွက် စကားဝါပန်းဖြစ်တယ်။ ဧပြီလကို သင်္ကြန်လလို့လည်းဆိုနိုင်တယ်။ ၁၃ ရက်နေ့က သင်္ကြန်အကြို၊ ၁၄ အကျ။ ၁၅ အကြတ်နဲ့ ၁၆ အတက်နေ့တွေ ဖြစ်ပြီး ၁၇ ရက်နေ့က မြန်မာနှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
လက်တင်လို Aprilis ကနေယူပြီး၊ ရိုမန် (ရောမ) ပြက္ခဒိန်မှာ April ဧပြီနာမည်ပေးထားတယ်။ ဖွင့်ရန်လို့ အဓိပ္ပါယ်ရှိတယ်။ သစ်ပင်တွေကနေ နွေဦးရာသီကိုဖွင့်လှစ်ပေးတယ်လို့ ဆိုလိုတယ်။ ဖင်လန်မှာ တောင်ယာတွေကို မီးရှို့တာစတင်တဲ့လ ဖြစ်ပြီး၊ တရုပ်ဧကရာဇ်တွေက လယ်ထွန်မင်္ဂလာပွဲဆင်နွဲတဲ့လဖြစ်တယ်။ မြန်မာပြည်မှာက မိုးဖြိုင်ဖြိုင်ကျမှသာ လယ်ထွန်မင်္ဂလာပွဲကို ကျင်းပလေ့ရှိတယ်။
ဧပြီဟာ ရောမ Venus ဗီးနပ်စ်နတ်သမီးနဲ့ ဆက်စပ်နေတယ်။ ဂရိမှာတော့ Aphrodite (Aphros) နတ်သမီးဖြစ်တယ်။ အဖရိုဒိုက်ဆိုတာ အချစ်၊ အလှ၊ သာယာမှုနဲ့ မျိုးပွါးခြင်းနတ်သမီးဖြစ်တယ်။ ဗီးနပ်စ်ဟာ ရောမဒဏ္ဍာရီမှာတော့ အချစ်၊ အလှ၊ လိင်၊ မျိုးပွါးခြင်းနဲ့ ချမ်းသာခြင်းတွေကို ကိုယ်စားပြုတယ်။ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ဆေးများကို ရေးထားပါတယ်။ အေပြီလလို့ရေးတာကို မှားတယ်လို့ ပြောမရပါ။
ဧပြီလ အသိပညာပေးများ
• Rape Awareness Month အဓမ္မပြုကျင့်မှု အသိပညာပေးလ၊
• Jazz Appreciation Month ဂျက်ဇ် တေးဂီတလ (ယူအက်စ်)၊
• National Poetry Month အမျိုးသား ကဗျာလ (ယူအက်စ်)၊
• Parkinson's Disease Awareness Month နိုင်ငံတကာ ပါကင်ဆန်ရောဂါ အသိပညာပေးလ၊
• National Child Abuse Prevention Month အမျိုးသား ကလေးသူငယ် အလွဲပြုမှု အသိညာပေးလ (ယူအက်စ်)၊
• Sexual Assault Awareness Month လိင်ပိုင်းဆိုင်ရာ စော်ကားမှု အသိပညာပေးလ (ယူအက်စ်)၊
• Arbor Day သစ်ပင်သစ်တော ထိန်းသိမ်းရေးနေ့ (ရက်သတ်မှတ်မှု မတူပါ)၊
• Cuckoo festivals ဥသြပွဲတော် (အင်္ဂလန်)၊
ဧပြီလ သတ်သတ်မှတ်မှတ်နေ့များ
• April 1 April Fools' Day ဧပရယ်ဖူးလ် (လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့)၊
• April 2 World Autism Day Awareness Day ကမာ္ဘ့ အာရုံကြောဖွံ့ဖြိုးမှုချွတ်ယွင်းတဲ့ရောဂါ အသိပညာပေးနေ့
• April 2 Holy Thursday မြင့်မြတ်သော ကြာသပတေးနေ့၊
• April 3 Good Friday ကောင်းမြတ်သော သောကြာနေ့၊
• April 5 Easter Day အီစတာနေ့၊
• April 7 World Health Day ကမာ္ဘ့ကျန်းမာရေးနေ့၊ Food safety အစားအသောက် လုံခြုံစိတ်ချရရေး၊
• April 13 ထိုင်း နှစ်သစ်ကူးနေ့၊ လာအို နှစ်သစ်ကူးနေ့၊ ကမော္ဘဒီးယား ခမာနှစ်သစ်ကူးနေ့၊
• April 14 Bengali New Year ဘင်္ဂလားဒက်ရှ် ဘင်္ဂါလီနှစ်သစ်ကူးနေ့၊
• April 14 Vaisakh နီပေါ + အိန္ဒိယ ဗိုင်ဆတ်ခ်နေ့၊
• April 16 Holocaust Remembrance Day ဟိုလိုကော့စ် (နာဇီ) အမှတ်တရနေ့၊
• April 16 National Healthcare Decisions Day အမျိုးသားကျန်းမာရေးအဆုံးအဖြတ်များနေ့ (ယူအက်စ်)၊
• April 17 Independence Day of Syria ဆီးရီးယား လွတ်လပ်ရေးနေ့၊
• April 18 Zimbabwean Independence Day ဇင်္ဘာဗွေ လွတ်လပ်ရေးနေ့၊
• April 22 Earth Day ကမာ္ဘဂြိုဟ်နေ့၊
• April 25 Liberation Day in Italy အီတလီ နာဇီလက်အောက်က လွတ်မြောက်တဲ့နေ့၊
• April 27 Freedom Day in South Africa တောင်အာဖရိက လွတ်လပ်ခြင်းနေ့၊
ဧပြီလ သမိုင်းဝင်နေ့များ
• ၁၉၆၈ ဧပြီလ ၄ ရက်နေ့မှာ မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံရတယ်။
• ၁၈၉၆ ဧပြီလ ၆ ရက်နေ့မှာ ခေတ်မီ အိုလံပစ်အားကစားပွဲ ဂရိစ်နိုင်ငံ အေသင်မြို့မှာ စတင်တယ်။
• ၁၉၁၇ ဧပြီလ ၆ ရက်နေ့မှာ ပထမကမာ္ဘစစ်တုံးက ယူအက်စ်အေကနေ ဂျာမဏီကို စစ်ကြေညာခဲ့တယ်။
• ၁၉၄၈ ဧပြီလ ၇ ရက်နေ့မှာ WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်တယ်။
• ၁၈၆၅ ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန်သမတ လင်ကွန်း သေနတ်နဲ့ပြစ်ခံရပြီး နောက်နေ့မှာ ကွယ်လွန်တယ်။
• ၁၉၁၇ ဧပြီလ ၁၅ ရက်နေ့မှာ တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့တယ်။
• ၁၈၈၉ ဧပြီလ ၂ဝ ရက်နေ့မှာ ဟစ်တလာမွေးတယ်။ ၁၉၄၅ ဧပြီလ၂၉ ရက်နေ့မှာ အီဗာ နဲ့ လက်ထပ်ပြီး ဧပြီလ ၃ဝ ရက်နေ့မှာ သူ့မိန်းမနဲ့အတူ ကိုယ့်ကိုယ်ကိုသတ်သေတယ်။
• ၂ဝ၁၄ ဧပြီလ ၂၁ ရက်နေ့မှာ NLD ဦးဝင်းတင်ကွယ်လွန်တယ်။
• ၁၉၇၅ ဧပြီလ ၃ဝ ရက်နေ့မှာ ဆိုင်ဂုံ (ဟိုချီမင်း) မြို့ကျသွားပြီးနောက် ဗီယက်နမ်စစ်ကြီး ပြီးဆုံးတယ်။
ဧပြီလ သင်္ကေတများ
• Birthstone ကျောက်မျက်ရတနာ = စိန်၊
• Birth flower ပန်း = Daisy (Bellis perennis) ဒေစီပန်း၊ Sweet Pea ပဲပန်း၊
• Zodiac signs ဆယ်နှစ်ရာသီခွင် = Aries မိဿ (ဧပြီ ၂ဝ အထိ) + Taurus ပြိဿ (ဧပြီ ၂၁ မှ)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ