Skip to main content

လှူ လှူတန်း လှူဒါန်း အလှူအတန်း


၁။ လှူတန်း နဲ့ လှူဒါန်း မတူပါ။ လှူဒါန်းနိုင်ခြင်းလို့ ရေးရတယ်။
၂။ တိရိစ္ဆာန်ကို လျူတန်းခြင်းထက် လူကိုလျူတန်းခြင်းက ကုသိုလ်ပိုသည်။
တိရစ္ဆာန်လို့ ရေးရ။ လှူဒါန်းလို့ရေးတာက ကြိယာ။
ပေးကမ်းစွန့်ကြဲသည်။ လှူဒါန်းပေးကမ်းကြလေသည်။
အလှူအတန်းက နာမ်။ အလှူ။ အလှူဒါန။ အလှူခံပုဂ္ဂိုလ်။
ရဟန်းခံ၊ ရှင်ပြုစသည့်မင်္ဂလာအခမ်းအနား။
၃။ နှလုံး၊ ကျောက်ကပ် လှူတန်း (လှူဒါန်း) ချင်ရင် ဘယ်လိုအဖွဲ့အစည်း၊ ဘယ်ဆရာဝန်တွေနဲ့ အရင်ဆုံး ဆွေးနွေး တိုင်ပင်သင့်လဲ့ခင်ဗျ
၄။ ဆရာ ကျွန်တော် ချင်းစာနဲ့ ရေးမိတဲ့ အတွက် ခွင့်လွှတ်ပါ။  ဆရာကို မေးချင်တာ ရှိတယ်။ လှူဒါန်းသည်၊ လှူဒန်းသည်  ဘယ်ဟာက အမှန်လဲ။
၅။ နှလုံး၊ ကျောက်ကပ် လှူတန်း (လှူဒါန်း) ချင်ရင် ဘယ်လိုအဖွဲ့အစည်း၊ ဘယ်ဆရာဝန်တွေနဲ့ အရင်ဆုံး ဆွေးနွေး တိုင်ပင်သင့်လဲ့ခင်ဗျ
စနေထောင့် ပန်းလှူမယ် 
ဆွမ်းလောင်းလှူခြင်း
ဇရပ် လှူရခြင်းအကျိုးများ မင်းကွန်းတိပိဋက ဆရာတော်ကြီး ရေးသား
တခါတလေပဲ လှူလှူ လစဉ်ပဲလှူလှူ 
နည်းနည်းလှူလှူ များများလှူလှူ 
ပန်းလှူရခြင်းအကျိုး
ပေးမကုန်လှူမခန်း
မန္တလေးမြို့လေးပြင်လေးရပ်မှ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
မရှိလို့မလှူ မလှူလို့မရှိ
အလှူအတန်း၊ (အလှူအတမ်း မမှန်ပါ)၊ 
မလွန်ဈေးဆန်လှူအသင်းကြီး
ရှင်ကို လှူ၊ လူကို မျှ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ 
လှူ (ကြိ) = ပေးကမ်းစွန့်ကြဲသည်။ ဒါနပြုသည်။
လှူ (ကြိ) ပေးကမ်းစွန့်ကြဲသည်။ ဒါနပြုသည်။
လှူ (ကြိ) ပေးကမ်းစွန့်ကြဲသည်။ ဒါနပြုသည်။
လှူတန်း (ကြိ) = လှူဒါန်းသည်။
လှူဒါန်း (ကြိ) = ပေးကမ်းစွန့်ကြဲသည်။ ဒါနပြုသည်။
လှူဒါန်းသည် (ကြိ)
ပေးလှူသည် (ကြိ)။
လှူပါမည်
လှူပုံလှူနည်းဒါနအကြောင်း 
လှူဖွယ်ဝတ္ထု (န) = လှူရန်အတွက် အသင့်ထားရှိသောပစ္စည်း။ လှူစရာ။
ဝါဆိုသင်္ကန်းကပ်လှူခြင်းအကျိုးနှင့် ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံသမိုင်း
သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။ 
အမျိုးသားသွေးလှူဘဏ်တွင် သွေးလှူဒါန်းခြင်း 
အလှူတော် (န)
အလှူတော်မင်္ဂလာ
အလှူဒါန (န) = အလှူဒါန၊ အလှူဒါနပြုသည်။
အလှူဒါန၊
အလှူပွဲ
အလှူဖိတ်စာ
အလှူရေစက် လက်နဲ့မကွာ
အလှူအတန်း (န) = လှူခြင်းအမှု၊ အလှူပေးခြင်း။
အလှူအတန်း = ရဟန်းခံ၊ ရှင်ပြုစသည့်မင်္ဂလာအခမ်းအနား။ စပါးပေါ်ချိန်ငွေပေါ်ချိန်မှာရတဲ့ငွေနဲ့အလှူအတန်းလုပ်ရမယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ