Skip to main content

မှီး မြီး မြည်း

၁။ ဆရာရှင့် ဆေးပေးမှီးယူနဲ့ ဆေးပေးမီးယူ ဘယ်ဟာက သတ်ပုံအမှန်လဲဆ်ုတာ သိချင်ပါတယ်ရှင့်။

ဆေးပေးမီးယူ။ မှီးကို ကြိယာအဖြစ် သုံးနိုင်တယ်။ မှီးရေးသည်။ ကိုးကားသည်။ နည်းနာယူသည်။

၂။ ခွေးမှီးကောက် ကျည်ထောက်စွပ် စကားရဲ့ အဓိပ္ပာယ်က ဘာလဲဗျ သိတဲ့သူများပြောပြကြပါ

ကျွန်တော့ကို မေးတာ မဟုတ်ပါ။ မှီး နဲ့ မြီးမှားနေတာ့ ဖြေလိုက်ရင် မေးတာ မဟုတ် ဖြစ်နေမလား မသိပါ။

မှီးကို ကြိယာအဖြစ် သုံးနိုင်တယ်။ မှီးရေးသည်။ ကိုးကားသည်။ နည်းနာယူသည်။

လောကသာရ ဆုံးမစာ - ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်မောင်းသည်းခံ၊ ဆရာထံ၌၊ သင်အံကျက်လေ့၊ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို။ ။ ဆည်းပူးသိမြင် ကြွယ်စေမင်း။

၃။ ရန်ကင်းမှာနွားမြှီးစွပ်ပြုတ်ဘယ်ဆိုင်မှာရနိုင်မလည်း - မြှီး မရှိပါ။

၄။ မြေအိုးမြှီးရှည်ကို တန်လဲတန်ရမယ် ကောင်းလဲကောင်းကောင်းစားချင်တယ်ဆို ဒီဆိုင်လေးလဲ - မမှန်ပါ။

၅။ ဒီနေ့တော့ ကျမတို့မြစ်ကြီးနားမြှီးရှည်လုပ်စားကြမယ် ချစ်တို့ရေ - မမှန်ပါ။

၆။ စနေနေ့အတွက် မာလာရှမ်းကော၊ အာလူးမြှီးနှစ်ခွ၊ ကောက်ညှင်းဆီထမင်းရပါမယ်နော်။ - မမှန်ပါ။

၇။ အမဲမြှီးစွတ်ပြုတ် (Oxtail Soup) - မမှန်ပါ။

၈။ ကံလမ်းကြောင်းမှငါးကြင်းမြှီး - မမှန်ပါ။

၉။ ငါးကြင်းမြှီးချိုချဥ်ကြော် - မမှန်ပါ။

၁၀။ ဆားပုလင်းနှင်းမောင်နှင့် ခေါင်းမြှီးခြုံလုံပါပေ့ (စ-ဆုံး) - မမှန်ပါ။

၁၁။ ခွေးမှီးကောက် ကျည်ထောက်စွပ် စကားရဲ့ အဓိပ္ပာယ်က ဘာလဲဗျ သိတဲ့သူများပြောပြကြပါ

ကျွန်တော့ကိုမေးတာ မဟုတ်ပါ။ မြှီး မရှိပါ။ မြှူ၊ မြှေး၊ မြှောက်၊ မြှိုက်၊ မြှင့်၊ မြှောင်၊ မြှောင့်၊ မြှောင်း၊ မြှပ်၊ မြှုပ်၊ မြှုံးလို့သာ ရှိတယ်။ 

၁၂။ ဆရာ့ရှင့် ခွေးမြီးတောက်ခြေထောက်စွပ် နဲ့ ဗလက်ချီးနန်း စကားလုံးအမှန်ကို သိပါရစေရှင့်

ခွေးမြီးတောက် မဟုတ်ပါ။ ခွေးမြီးကောက် ကျည်တောက်စွပ်ဖြစ်ပါတယ်။ ခွေးတွေအမြီးဟာ ကောက်နေတယ်။ မွေးကတည်းက ကောက်နေတာ။ ဖြောင့်အောင်လုပ်မရ။ ဒါပေမဲ့ ကျည်တောက်ခေါ် ဝါးကျည်တောက်နဲ့ စွပ်ထားရင် ကျည်တောက်ထဲမှာ ဖြောင့်နေတယ်။ ကျည်ထောက် ဆွဲချွတ်လိုက်တာနဲ့ ခွေးမြီးက ကောက်မြဲသာ ကောက်နေမယ်။ ဆိုဆုံးမ မရသူတွေဟာ၊ လူကြီးမိဘ၊ ဆရာသမားရှေ့မှာတော့ လိမ္မာချင်ယောင်ဆောင်တဲ့သူ ကွယ်ရာမှာ မိုက်မြဲမိုက်တာကို တင်စားပြောလေ့ရှိတယ်။ တောရွာတွေမှာ ခွေးအမြီးကို မီးပုလွေခေါ် မီးမှုတ်စရာနဲ့စွပ်ပြီး ဆော့ကစားလေ့ရှိတယ်။ ဗလက်ချီးနန်း မဟုတ်ပါ။ ဗလချီးရမ်းလို့ ရှိတယ်။ အရပ်သုံးသာ ဖြစ်တယ်။ ဗရပွ၊ ဗရပျစ်၊ ဗရမ်း ဗဒါ၊ ဗလာင်ဆူ၊ ဗရပြွတ်၊ ဗရွတ်ရွှတ်တ၊ ဗရုတ်ဗရက်၊ ဗရုတ်သုက္ခ၊ ဗရုတ်သုတ်ခ၊ ဗရုန်းဗရင်း၊ ဗရုန်းသုန်းကားဗရဗွေ ဗလပျစ်၊ ဗရဗွေ စောင်းရမ်း၊ ဗလုံးဗထွေး၊ ဗလက်ကာရ၊ ဗလချာ၊ ဗလစ်ဗလစ်၊ ဗလာင်ဆန်၊ ဗယောက်ဗယက်၊ ဗလေ ဗလွင့်၊ ဗလောင်းဗလဲ၊ ဗလောင်ဆန်လို့ရှိတယ်။ ဟိုဟိုသည်သည် အစီအစဉ်တကျမရှိဘဲ ရမ်းချင်ရာရမ်းတာမျိုးမှာ ပြောလေ့ရှိတယ်။

မြီး

ငကြင်းမြီး

မြီးကောင်ပေါက်

မြီးစွပ်နွား

မြီးဆံ

မြီးညှပ်ကောင်

မြီးညှောင့်ကောင်

မြီးညောင်းရိုး

မြီးတံ

မြီးတုံးစပါး

မြီးထူးမြီးပပ်

မြီးပျမ်းကြိုး

မြည်း

ဆားမြည်း

မြင်းနှင့်တူသော မြည်း

မြည်းကြည့်မှသိမယ်

မြည်းတကောင်

ဟင်းကိုဆားမြည်းပါ

ဟင်းမြည်း

နောက်မှီးအရှည် ကြီး ကြိုက်သူတွေအတွက်ပါ - မှားတယ်။

မှီးကောင်ပေါက် - မှားတယ်။

ရှင်မှီးဆိုပေမယ့်တစ်ထပ်တည်းဝတ်လည်း - မှားတယ်။

ကျစ်ဆံမှီးနောက်တွဲဆံထုံးလေးပါ - မှားတယ်။

ကြောင်မှီးတူ သစ်ခွ - မှားတယ်။

ဒေါင်းမှီးစိမ်းကျောက်ဖြတ် - မှားတယ်။

မှီး

၁။ ထောက်မှီအားပြုသည်။ အခြေခံသည်။ ဆင်မင်းခြေရာကို အစဉ်မှီးပြီး လိုက်ကြကုန်၏။

၂။ အကိုးအထောက်ပြုသည်။ နည်းယူသည်။ ထူးဆန်းကြံသီး၊ ကျမ်းရိုးမှီးလျက်။

၃။ လွှဲပြောင်းဆိုက်ဝင်သည်။ ခိုလှုံသည်။ ဟေမာရပ်ကိုမှီးတော့မည်။

၄။ ကပ်ငြိ၍ တက်သည်။ မိန်းမများသည် သန္ဓေမှီးလာသော သားကို။

၅။ မှီဝဲစားသောက်သည်။ ပဋိညာဉ်ကို ပြုလိုက်တိုင်း ချဉ်ဆားမှီးအံ့သောငှာ။ ပွဲတော်မှီးဘို့၊ သစ်သီးရေမျှ၊ ရှာမရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ