ဟလို မဂ်လာပါ
ဟယ်လို လို့ ရေးရ။ မင်္ဂလာလို့ ရေးရ။ ဖုန်းကီးဘုတ်ကနေ တချို့စာလုံးတွေ ရေးရခက်တတ်တာတော့ သိပါတယ်။
'ဟယ်လို' လို့ ရေးရ။ 'မင်္ဂလာ' လို့ ရေးရ။
ဟဒယရွှင်ဆေး
ပါးစပ်ဟထားပါ သွားနုတ်မလို့
အတွင်းစကား ဖွင့်ဟပြောဆိုရန် မသင့်
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
ဟ
- အင်္ကျီလည်ပင်းပေါက် ဟနေသည်။
- စေ့နေသောအရာကို ခွာလုပ်သည်။ ဖွင့်သည်။ ခံတွင်းကို ဟလျက် နေစာလှုံ၍ အိပ်၏။
- ဖွင့်ထုတ် ပြောဆိုသည်။ မုသာဝါဒ၊ တရံမျှလျှင်၊ မဟစဖူး၊ အထူးထူး၌။
- အံအားသင့်စွာ ပြောဆိုမြည်တမ်းသော စကားလုံး။ ဟ ဘယ်လိုဖြစ်တာတုန်း။
- မိမိထက်နိမ့်ကျ ငယ်ရွယ်သူအား ပြောဆိုရာတွင် အာလုပ်သဘော အဆုံးသတ် တိုင်တည်ရည်ညွှန်း ပြောဆိုသော စကားလုံး။ တနွေလုပ်ခ၊ စပါးငါးဆယ်ရမှာပေါ့ဟ။
မှတ်ရန် - တရံမျှလျှင်နဲ့ တနွေလုပ်ခတို့မှာ တဝမ်းပူတွေကို စမသတ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment