၂။ ငပုတ်ထဲ စားလို့အကောင်းဆုံး ကံက္ကူရံ့ ငပုတ်ပြားစစ်စစ်တွေရပါတယ် ဆားကမပါသလောက်မို့ လူကြီးတွေစားလို့အဆင်ပြေပါတယ် အရိုးမပါ အသားသီးသန့် လည်းရပါတယ် ဈေးရေးထားပေးပါတယ် ပုံထဲအမြင်အတိုင်းရပါ့မယ်
ငပုပ်ပြား(ငါးပုပ်ခြောက်) လို့ ရေးရ။ ကကူရံလို့ ရေးရ။ ကကူရံငါး မှားရေးနေတာတွေ မနည်းပါ။
ကံက္ကူရံ့ ငပုတ်ပြား မှား။
ကံက္ကူရံငါးခြောက် မှား။
ငပုပ်ခြောက် ငါးပုပ်ခြောက် မူကွဲ။
ငပုပ်ပြား ငါးပုပ်ပြား မူကွဲ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) မှာ ငါး လို့ရေးတယ်။ မြန်မာစွယ်စံကျမ်းမှာ ငါး အများစုကို င နဲ့ရေးတယ်။
မြန်မာ့စွယ်စုံကျမ်းကို ကူးတင်နေသူတွေကလည်း မှန်နေတာကို မှားအောင် တမင်တကာပြင်တင်နေကြတယ်။ မလုပ်သင့် မလုပ်ထိုက်ပါ။ မြန်မာစာ ပုပ်ပြီလော။
ပုပ် နဲ့ ပုတ် အတော် မတူပါ။ သစ်ပုပ်ပင် နဲ့ သစ်ပုတ်ပင် မူကွဲ။
ငပုပ်ပြား https://burmese-spelling.blogspot.com/2022/12/blog-post_537.html
ငဖန့်ဝိုင်း ငါးပိကောင် (ငပိကောင်) https://dr-tint-swe.blogspot.com/2022/08/blog-post_336.html
ငါး ကို င နဲ့သာရေးရတာ များတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_443.html
ငါးကို င လို့သာရေးတယ် https://dr-tint-swe.blogspot.com/2021/12/blog-post_76.html
ငတန် နဲ့ ငါးတန် ဘာကွာသနည်း https://dr-tint-swe.blogspot.com/2022/06/blog-post_357.html
င ငပုဏ္ဏား ဟင်းချက်စား https://dr-tint-swe.blogspot.com/2021/10/blog-post_473.html
အို ငကြင်းတွေဆန် ငတန်တွေ သောင်ရေစီးမှာလ https://dr-tint-swe.blogspot.com/2022/07/blog-post_536.html
သစ်ပုပ်ပင်နှင့် တက္ကသိုလ် https://burmese-spelling.blogspot.com/2022/12/blog-post_42.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment