Skip to main content

ခရီးသွား

(တယောက်သာ မြတ်စခန်းသို့၊ လှမ်းလို့မြန်စွာ။)

၁၉၄၅ခုနှစ် ဩဂုတ်လ၌ အသက် ၂၇ နှစ်အရွယ်တွင်ကြွေလွင့်ခဲ့သော ကဗျာဆရာ"မောင်အာယု" ၏နာမည်သည် ခေတ်ဆန်းစာပေလောကဝယ် ကြွကြွကလေး ပေါ်လွင်ခဲ့သည်။ သူ၏ကဗျာနှင့် စာတို့ကိုစစ်မဖြစ်မီ တက္ကသိုလ်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ဂန္တလောကနှင့် အခြားပြင်ပမဂ္ဂဇင်း တို့တွင် တွေ့ခဲ့ရသည်။ အထူးသဖြင့် တက္ကသိုလ်မဂ္ဂဇင်းတွင် အတွေ့များသည်။ သူ၏ကဗျာတို့မှာ အများအားဖြင့် သဘာဝနှင့်ယှဉ်သော ကဗျာများ ဖြစ်သည်။ ၎င်းတို့အနက်မှ လူ့ဘဝ၏ အတွေ့အကြုံ အဖြစ်အပျက်ကို ဖော်ကြူးထားသော ဤ "ခရီးသွား" ကဗျာအား တင်ပြပေးလိုက်ပါသည်။

"ခရီးသွား"

မဲ့လို့သာမှောင်ရော့၊

သန်း‌ခေါင်ယံ ချိန်အတွင်းမှာလ

တကိုယ်ချင်းထွက်လို့လာ။

ရောင်မှိန်မှိန်ထွန်း ဆီမီးရယ်နဲ့၊

မှောင်ကြီးကို အနိုင်ဖယ်လို့၊

မြေလမ်းငယ် သည်တလျှောက်မှာဖြင့်၊

တယောက်သာ မြတ်စခန်းသို့၊

လှမ်းလို့မြန်စွာ။

စခန်းတာ မရောက်သေးမီကွဲ့၊

မထောက်ညှာ စာမတွေးကာပ၊

လေသွေးရှင် သူဖျက်ဆီးတာမို့၊

ဆီမီးဖြင့် ငြိမ်းခဲ့ရှာ၊

ပျောက်ပါပေါ့ ခရီးဆုံး။

တော်ပေသေးရဲ့လေ၊

လမ်းတာ လှမ်းကာမဝေးပြီဘု၊

ရှေ့ပြေး အာရုဏ်ခြည်ဖြင့်၊

မှုံရီရီ တောင်ညိုစောင်းခွင်က၊

ခေါင်းတင်ကာ ပေါ်လာဆဲဟာမို့

ခဲလို့စောင့်တုန်း။ (မောင်အာယု)

Listener's Heaven Audiobooks - အသံစာအုပ် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ