Skip to main content

နွယ်တပင် မြက်တပင်လို

ဆေးကျောင်းအတူတက်သူငယ်ချင်းက ရေးပါတယ်။ မြန်မာစာ နဲ့ပါတ်သက်ပြီး ပြင်ဆင်ဘို့ပါဝါ ရှိသူတွေကလဲ ကိုယ့်ဘာသာ ကိုယ်တောင် အနိုင်နိုင်မို့ သူငယ်ချင်းလောက်တောင် အမုန်းခံပြီး ထောက်မပြနိုင်ရှာ ကြပါ။

ပြန်ရေးလိုက်ပါတယ်။ အမုန်းခွန်အား ပေးသနားပါ (ကိုတင်လှိုင်)

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါပြီ

ဆုံးဇမ္ဗူတခွင် နှုန်းတူမမြင်

သုံးလူ့ရှင် ဗုဒ္ဓထံပါး

ဒုက္ခ ခံစားသမျှ

ပန်ကြားအရှင့်ကို ဖွင့်ဆိုပါမည်

ဘယ်သောအခါမှ

ကိုယ်ကချစ်ရတဲ့သူ

မဖြစ်ချင်ပါပြီ

သူချစ်ကိုသာ

မျှော်ကာ စောင့်စားတော့မည်

နွေကန္တာ လျှောက်လှမ်းရသလို

ဘဝင်မှာ ဆူရ ကြင်နာသူက

စိမ်း စိမ်းခဲ့သည်

ဖြေမနိုင် ရေဆိုင်မွဲ

မှိုင်မွဲနဲ့ ကြုံသမျှတွေသည်

ဝဋ်ကြွေးတုံ့တင် ရှိပါရင်လည်း

ကံကြမ္မာ မညီသမျှ

သံသရာ သည်ဘဝ

သည်မျှ နဲ့ပဲ အဆုံး သတ်စေချင်ပြီ။

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါပြီ

ဆုံးဇမ္ဗူတခွင် နှုန်းတူမမြင်

သုံးလူ့ရှင် ဗုဒ္ဓထံပါး

ဒုက္ခ ခံစားသမျှ

ပန်ကြားအရှင့်ကို ဖွင့်ဆိုပါမည်

ဘယ်သောအခါမှ

ကိုယ်ကချစ်ရတဲ့သူ

မဖြစ်ချင်ပါပြီ

သူချစ်ကိုသာ မျှော်ကာ စောင့်စားတော့မည်

နွေကန္တာ လျှောက်လှမ်းရသလို

ဘဝင်မှာ ဆူရ ကြင်နာသူက

စိမ်း စိမ်းခဲ့သည်

ဖြေမနိုင် ရေဆိုင်မွဲ

မှိုင်မွဲနဲ့ ကြုံသမျှတွေသည်

ဝဋ်ကြွေးတုံ့တင်

ရှိပါရင်လည်း

ကံကြမ္မာ မညီသမျှ

သံသရာ သည်ဘဝ

သည်မျှ နဲ့ပဲ

အဆုံး သတ်စေချင်ပြီ။

အရှင့်ကိုယ်ပွား

တည်ထားကိုးကွယ်

ကိုးကွယ်အပ်သော

လွမ်းစေတီအနီး ပန်းရေ ဆီမီး

ကောင်းမှုတွေနှင့်

တောင်းဆုချွေခဲ့ဖူးပါသည်

ဖြစ်လေရာ ဘဝတိုင်းမှာ

နွယ်တပင် မြက်တပင်လို

သံယောဇဉ်ကို

အလွယ်တကူ ဖြတ်နိုင်တဲ့သူ

ဖြစ်လိုပါပြီ 

အသည်း အသည်းကဖြေမဆည်

စိတ္တဇ သူ့ကို စွဲခဲ့သော

အတိတ်ဘဝ ကုသိုလ်နည်းခဲ့သော

ဘုရားတပည့်တော်မှာ

ကံတရား ဆိုင်ရာ

မခံစားနိုင်ပါ

သည်လောကငရဲ သောကဝဲမှ

လွတ်မြောက်ဖို့ရန်

အဓိဋ္ဌာန်ပါသည်။

ခက်နွယ်ဖယောင်းသဖွယ်

ညက်သွယ်ပျောင်းတယ်

လက်ဆယ်ချောင်းရယ်

ထိပ်မှာမိုး၍

နောက်ဆုံး လျှောက်ထားအပ်ပါသည်။

ချစ်တတ်ခဲ့သော

တပည့်တော် နှလုံးသားဆီ

အမုန်းခွန်အား ပေးသနားရန် တောင်းပန်ပါသည်။   ။

https://www.youtube.com/watch?v=0nLuAr6t8uo

တို့စာ တို့စကား တို့တိုင်းပြည်အကြောင်း ရေးပါတယ်။ မုန်းလိုက မုန်းကြပါရန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...