Skip to main content


ကွန်မင့်တခု = ကို စလုံးယပင့်နဲ့ရေးတာလား နဲ့ရေးတာလား ဆရာ ဆရာရေးတာ မှားလိုမဟုတ်ပါဘူးဗဆရာရေ အထင်မလွဲပါနဲ

ကျွန်တော်ကိုယ်တိုင် သိချင်လို့သာ မေးတာ ဖြစ်ပါတယ် ခင်ဗ

စာလုံးကို ရေးတိုင်း အမေးခံရတယ်။ ဟုတ်တယ်။ ဈ အစစ်မဟုတ်ပါ။

ကျွန်တော်က ကွန်ပြူတာမှာ ဇော်ဂျီဖါင့်နဲ့အရေင်ရေးပြီး၊ ဖေါင့်ကွန်ဘာတာနဲ့ ပြင်ပြီးမှ တင်ပါတယ်။ ဈ စာလုံးကို ရွေးချိန်မရတတ်ပါ။ အခုတော့ ကြိုးစားနေပါတယ်။

ကွန်မင့်များ

၁။ အစဥ်အမြဲလေးစာလျှက်ပ

လေးစားလျက်ပါလို့ ရေးရ။

၂။ ကျမကပင်စင်စားဆရာမအိုပါ ကလေးတွေကကျမကို တခုရေးတာမှားနေတယ် စသတ်ကျန်ခဲ့လို့ဆိုတော့ကျမဝမ်းနည်းရုံပါဘဲ ဆရာတို့လို ကလောင်စွမ်းထက်သူတွေရေးလာပြမှ သူတို့ကိုပြပြီး နီးစပ်ရာတွေကိုဆုံးမနေပါတယ်ရှင့်

၃။ တတုံးတခဲ ဆိုတာကို တစ်တုံးတစ်ခဲ လို့ ရေးကြတော့ ဖတ်ရတာ တော်တော် ဆိုးပါတယ် ခင်ဗျာ

၄။ အထူးဘဲကျေးဇူးတင်ပါသည်၊ တန်ဖိုးမဖြတ်နိုင်၊ ဖတ်နိုင်လို့ ဆရာ့အပေါ် ဝမ်းသာမဆုံးပါ။ စစ်ပြေးဘဝနဲ့ စာငတ်ပေငတ်နေစဥ် အခုလို လွယ်လင့်တကူဖတ်နိုင်လို့ ရှေ့ဘဝခရီးတိုးတက်အောင်မြင်ပါစေကြောင်း၊ နောက်နောင်လဲစာကောင်းပေကောင်းဆက်ဆက်ရေးပေးစေလိုကြောင်း၊ ကျန်းမာသန်စွမ်းပါစေ

၆။ မှန်လိုက်တာဆရာရယ် သက်ပုံတခုပြင်မယ်ဆိုရင် အနည်းဆုံးတော့ ဆယ်ယောက်လောက်ခေါင်းချင်းဆိုင်ရမှာပါ အနည်းဆုံးတယောက်လောက်တော့အမှားထောက်ပြနိုင်လောက်တဲ့သူပါမှာပဘာဖြစ်လိုပုံမှား သက်ပုံမှားတွေ ပါလာနေရတာလဲ စာမတက်တာလား မစဥ်းစားတက်ကြတာလား ဘာပြောပြောခေါင်းညိတ်တဲ့အဖွဲ့လား

သတ်ပုံလို့ ရေးရ။ စာမတတ်လို့ ရေးရ။

၅။ ဟုတ်တယ် ဒေါက်တာရေ ကျွန်တော်တောငရေးရတာကြောင်တောင်တောင် ဖြစ်နေပြီ သူတိူ့ ဆရာ့ဆရာကြီးတွေကဘယ်အချိန်က သတ်ပုံတွေပြင်လိုက်မှန်းမသိအက္ခရာဧတို့ အက္ခရာသြတို့ကိုတောငမသိကြတော့ဘူးဗ

ကွန်မင့်တခုက ပြောပါတယ်။ ဆရာမတယောက်က ကလေးတွေကို စာသင်ပေးပါသတဲ့။ သဝေထိုးစလုံးယပင်း ဝစ္စနှစ်လုံးပေါက် ဈေး တဲ့။

ဈ ကို စမျဉ်းဆွဲလို့ မသိတော့ဘူးထင်တယ်။

ဈမျဉ်းဆွဲဟု ခေါ်သည်။ ဇာ့မျဉ်းဇွဲ လို့ အသံထွက်ရသည်။

အွန်လိုင်း မြန်မာစာတနေရာမှာ စမျဉ်းဆွဲလို့ ရေးထာတာ မမှန်ပါ။

ပျိုးခင်းတေးသံ (ကလေးကဗျာ တင်မိုး)

=> ဈ -

ဈမြင်ဆွဲကလေး ဈေးကိုဝင်

ဈေးသည်မလေး မြင်

မြင်ပါသော်လဲ မဝယ်ရဲ

တခါတုန်းက ဈမြင်ဆွဲ

ဟော… သည်လိုပဲ။

ကွန်မင့်တခု = ဆရာဈေးအကြောင်းရေးတင်တာတွေ့မှ ကျွန်တော်လက်တွေ့ကြုံတာတစ်ခု(တခု) သတိရသွားတယ်ဗျ ဆရာမ စာသင်နေတာက "သဝေထိုး စလုံးယပ်ပင်း ဝက်စနှစ်လုံးပေါက် ဈေး" တဲ့ဗျ

ဈ = ဗျည်း သုံးဆယ့်သုံးလုံးတွငကိုးလုံးမြောကဗျည်းဈမျဉ်းဆွဲဟု ခေါ်သည်။

အဲလိုဆရာ ဆရာမတွေ ကကြီးခခွေး ပြန်သင်ယူသင့်။

ဆရာဆရာမတွေကို သင်ပေးကြမဲမြန်မာစာပါမောက္ခတွေက ညတည လသာသာကို ပြန်သင်ယူသင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ