အထင်ကရ ဆရာတော်ကြီးတပါးရဲ့ဆုတောင်းစာမှာ -
“ကျွန်ုပ်၏ ဘဝဆက်တိုင်းမှာ လူမိုက်ဟူသမျှနှင့် မဆုံတွေ့ပါရစေနှင့်” လို့ ဖတ်ရတယ်။
လူတိုင်း ဆုတောင်းကောင်းဘို့လိုတယ်။ ကျွန်တော်က ဆရာဝန်သာဖြစ်လို့ ဆုတောင်းက တမျိုး။ သမားတော်ကြီးဇီဝက ကုသတဲ့လူနာတွေ ရောဂါနဲ့ မသေကြလို့ ဖတ်ရတယ်။ ဆရာဇီဝကကို အလွန်အားကျတယ်။ ပါရမီဖြည့်ရတာလည်း ကြာမယ်။ ကိုယ့်အတွက်တော့ ဆုမတောင်းပါ။
“ဆရာဇီဝကလို သမားတော်တွေ မြန်မာပြည်မှာ ပေါ်ပေါက်ပါစေသတည်း။”
ဆရာဇီဝကထက် ပိုတော်တာမျိုးလည်း ရှိစေချင်ပြန်လို့ ထည့်ဦးမယ်။
“အနာရောဂါသာမက သေနတ်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာတွေကိုလည်း မသေအောင် ကုသပေးနိုင်ကြပါစေသတည်း။”
နောက်ဆက်တွဲ ထည့်ဦးမယ်။
မိခင်ဘာသာ စာနဲ့စကားကို မှန်အောင်ရေးတတ်သူများ၊ မှန်အောင်ပြောဆိုတတ်သူများ ၂၀၂၅ မှာ အရေအတွက် ပိုများလာပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment