ဆောင်းပါး ဆိုတဲ့ စကားလုံးက မြန်မာစကားစစ်စစ်လား၊ ပါဠိဘာသာစကားလား ဒါမှမဟုတ်ရင် အခြားဘာသာစကားတခုခုမှ မွေးစားသုံးနှုန်းနေတာလားဆိုတာ သိနားလည်ရင် ရှင်းပြပေးစေလိုပါတယ်။ ကျေးဇူးပါ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
၁။ သတင်းစာ၊ မဂ္ဂဇင်းစသည်တို့တွင် ထည့်သွင်းသည့် ဗဟုသုတဆိုင်ရာ စာတန်း။ တနေ့လုံးပင် ဒဂုန်မဂ္ဂဇင်းအတွက် ဆောင်းပါးရှည်ကြီး တစောင်ကို ရေးနေလေသည်။
၂။ လူလွှတ်၍ဖြစ်စေ၊ လူကြုံတွင် အပ်၍ဖြစ်စေ ရပ်ဝေးသို့ ပေးပို့သော အကြောင်းကြားစာ။
(မှတ်ရန် တနေ့လုံးပင်မှာ တဝမ်းပူကို စမသတ်ပါ။ တစောင်ရေးတာလည်း တဝမ်းပူကို စမသတ်ပါ။)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment