ဟိုရှေးတုန်းက စာအုပ်။ စာအုပ်ဟောင်းကြော်ငြာတဲ့ နေရာတခုက တင်ထားတာ။ စာအုပ်အဟောင်းတန်း ကျေးဇူး။
စာအုပ်ပေါင်း ၂၀ လောက်ကို တပုံတည်းမှာထည့်ထားလို့ ပုံကြီးချဲ့ မျက်လုံးပြူးပြီးရှာတော့ ဒီတခု တွေ့တယ်။ တော်ပါသေးတယ်။ သတ်ပုံမှန်အောင်ရေးတဲ့စာအုပ်ကို ဖုံးမထားလို့။ ခုခေတ်မှာ မြန်မာစာစာလုံးပေါင်းသတ်ပုံမှန်ကို တသက်လုံးဖုံးထားကြတယ်။
တသက်လုံးတော့ မဟုတ်ပါ။ နှစ် ၃၀ လောက်တော့ရှိပြီ။ မျက်နှာဖုံးတွေ ကွာကျပါစေသတည်း။ ကိုဗစ်တော့ ၂ နှစ်နဲ့ နှာခေါင်းစည်း မလိုတော့ပါ။ မြန်မာစာဗိုင်းရပ်စ်ကတော့ ကြာဦးမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment