၂၀၂၄ နှစ်မေလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၆ ခုနှစ်၊ တန်ခူးလဆုတ် ၈ ဂက်နေ့ကနေ ကဆုန်လဆုတ် ၉ ရက်နေ့အထိ ကျရောက်တယ်။
မေလလို့ နာမည်ရလာတာက ဂရိနတ်သမီး Maia (မိုင်ယာ) ဆိုတဲ့ မျိုးပွားခြင်းနတ်သမီးဖြစ်တယ်။ တိုက်ဆိုင်တာက မြန်မာ (၁၂) ရာသီခွင်ဟာ မေလနောက်ပိုင်းမှာ မေထုန်ရာသီဖြစ်နေတယ်။
မေလထဲကထူးခြားတဲ့နေ့များ
မေလ (၁) ရက်နေ့မှာ နိုင်ငံအမျိုးမျိုးမှာ ယဉ်ကျေးမှုပွဲတော်တွေအမျိုးမျိုး ကျင်းပကြတယ်။
မေလ (၁) = May Day (Labor Day; International Workers' Day) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
မေလ (၃) = ပိုလန်နဲ့ ဂျပန် ဖွဲ့စည်းပုံနေ့။
မေလ (၃) = World Press Freedom Day ကမာ္ဘ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့။
မေလ (၄) = ဒိန်းမတ် (နာဇီဂျာမဏီလက်အောက်က) လွတ်မြောက်ခြင်းနေ့။
မေလ (၅) = နယ်သာလင် (နာဇီဂျာမဏီလက်အောက်က) လွတ်မြောက်ခြင်းနေ့။
မေလ (၅) = ဂျပန်နဲ့ ကိုရီးယား ကလေးများနေ့။
မေလ (၅) = National Teacher Day အမျိုးသားဆရာနေ့
မေလ (၉) = Europe Day (အီးယူ) ဥရောပနေ့။
မေလ (၁၀) = မက်ဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗာဒို အမေလနေ့။
မေလ (၁၀) = (ဒုတိယတနင်္ဂနွေ) အမေရိကန် အမေများနေ့။
မေလ (၁၃) = IEEE Global Engineering Day ကမာ္ဘ့အင်ဂျင်နီယာနေ့။
မေလ (၁၅) = International Day of Families မိသားစုများနေ့။
မေလ (၁၇) = နော်ဝေနိုင်ငံ ဖွဲ့စည်းပုံနေ့။
မေလ (၁၈) = International Day of Capitalism နိုင်ငံတကာ အရင်းရှင်စနစ်နေ့။
မေလ (၁၈) = International Museum Day နိုင်ငံတကာပြတိုက်နေ့။
မေလ (၁၈) = Victoria Day ဗစ်တိုရီးယာနေ့။
မေလ (၂၁) = World Day for Cultural Diversity ကမာ္ဘ့ယဉ်ကျေးမှုကွဲပြားမှုနေ့။
မေလ (၂၂) = International Day for Biological Diversity နိုင်ငံတကာ ဇီဝမျိုးကွဲပြားမှုနေ့။
မေလ (၂၃) = World Turtle Day ကမာ္ဘ့လိပ်နေ့။
မေလ (၂၅) = Towel Day တဘက် (ပုဝါ) နေ့။
မေလ (၂၅) = လက်ဘနွန်လွတ်မြောက်ခြင်းနေ့။ အာဂျင်တီးနားတော်လှန်ရေးနေ့။ ဂိုင်ယာနာလွတ်လပ်ရေးနေ့။
မေလ (၂၅) = Memorial Day အောက်မေ့ဘွယ်နေ့။
မေလ (၂၈) = နီပေါသမတနိုင်ငံနေ့။
မေလ ကျန်းမာရေးနဲ့ဆိုင်တဲ့နေ့များ
မေလ (၅) = International Midwives Day နိုင်ငံတကာ ဝမ်းဆွဲဆရာမများနေ့။
မေလ (၈) = World Red Cross and Red Crescent Day နိုင်ငံကတာ ကြက်ခြေနီနေ့
မေလ (၁၀) = World Lupus Day ကမာ္ဘ့ (လူးပတ်စ်) ရောဂါနေ့။
မေလ (၁၂) = International Nurses Day နိုင်ငံတကာသူနာပြုများနေ့။
မေလ (၁၂) = International Awareness Day for Chronic Immunological and Neurological Diseases နိုင်ငံတကာ နာတာရှည် ခုခံအားနှင့်အာရုံကြောရောဂါများ အသိပေးလှုံ့ဆော်ရေးနေ့။
မေလ (၂၄) = World Schizophrenia Day ကမာ္ဘ့ (စကစ်ဆိုဖရီးနီးယား) စိတ်ရောဂါနေ့။
မေလ (၃၁) = World No-Tobacco Day ကမာ္ဘ့ဆေးလိပ်ဆန့်ကျင်ရေးနေ့။
မေလမှာ တလလုံးကျင်းပတဲ့ပွဲများ
• Asian American Heritage Month အာရှနွယ်ဖွားအမေရိကန်လ။
• Asian Pacific American Heritage Month အာရှ-ပစိဖိတ် ယဉ်ကျေးမှုအမွေအနှစ်လ။
• Celiac Awareness Month (စီလိယက်) ရောဂါ အသိပညာပေးလ။
• Cystic Fibrosis Awareness Month (ဆစ်စတစ်ဖိုက်ဘရိုးဆစ်) အသိပညာပေးလ။
• Haitian Heritage Month ဟေတီ ယဉ်ကျေးမှုအမွေအနှစ်လ။
• Hepatitis Awareness Month အသည်းရောင်ရောဂါ အသိပညာပေးလ။
• Jewish American Heritage Month အမေရိကန်-ဂျူး ယဉ်ကျေးမှုအမွေအနှစ်လ။
• Mental Health Awareness Month စိတ်ကျန်းမာရေး အသိပညာပေးလ။
• National ALS Awareness Month (အေအယ်လ်အက်စ်) ရောဂါ အသိပညာပေးလ။
• National Bike Month in the United States စက်ဘီးစီးလ။
• National Brain Tumor Awareness Month ဦးနှောက်ကင်ဆာ အသိပညာပေးလ။
• National Electrical Safety Month လျှပ်စစ် စိတ်ချရမှုလ။
• National Golf Month ဂေါက်သီးလ။
• National Masturbation Month in the United States ဖါသာအာသာဖြေခြင်းလ။
• National Osteoporosis Month အရိုးအားနည်းရောဂါ အသိပညာပေးလ။
• National Pet Month အိမ်မွေးတိရစာ္ဆန်လ။
• National Smile Month ယူကေနိုင်ငံ ပြုံးရယ်ခြင်းလ။
• National Stroke Awareness Month (ဆထုပ်) ရခြင်း အသိပညာပေးလ။
• National Water Safety Month ရေစိတ်ချရမှုလ။
• New Zealand Music Month နယူးဇီလန် တေးဂီတလ။
• Skin Cancer Awareness Month အရေပြားကင်ဆာ အသိပညာပေးလ။
• South Asian Heritage Month တောင်အာရှ ယဉ်ကျေးမှုအမွေအနှစ်လ။
• Virgin Mary အပျိုစင်မေရီလ (ကက်သလစ်)
မေလထဲမှာမွေးခဲ့ကြတဲ့ နာမည်ကြီးများ
- မေ (၄) Audrey Hepburn ရုပ်ရှင်မင်းသမီး မော်ဒရီ ဟပ်ဘမ်း (1929-1993)
- မေ (၁၇) Queen Victoria ဗစ်တိုရီးယာ ဘုရင်မ (1819-1901)
- မေ (၂၆) John Wayne ရုပ်ရှင်မင်းသား ဂျွန် ဝိန်း (1907-1979)
- မေ (၂၉) John F. Kennedy အမေရိကန်သမတ ဂျွန် အက်ဖ် ကနေဒီ (1917-1963)
Mayflower (မေဖလားဝါး) ဆိုတဲ့ သင်္ဘောကြီးနဲ့ အင်္ဂလန်ကခွဲထွက်သူတွေဟာ ကမာ္ဘသစ် (အမေရိကား) ကို ၁၆၂၀ မှာ ခရီးထွက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်က ခုထိနာမည်ကြီးပါတယ်။ ၂၀၀၂ တုံးက ဟောလီဝုဒ်က May ဆိုတဲ့ ကြောက်စရာ ရုပ်ရှင်ကား ရိုက်ပါတယ်။ မေလထဲမှာ မင်္ဂလာမဆောင်သင့်ဘူးလို့ တချို့အမေရိကန်တွေက ယူဆကြတယ်။ ရှေးအင်္ဂလိပ်တွေက မေလထဲမှာ နွားနို့သုံးကြိမ်ညှစ်လို့ ရနိုင်တယ်လို့ ယူဆကြတယ်။
- မေလကျောက်မျက်ရတနာ = Emerald မြ (အောင်မြင်ခြင်းနဲ့ ချစ်မေတ္တာ)။
- မေလပန်း = Lily of the Valley လွင်ပြင် လီလီပန်း။
- ကဆုန်လပန်း = စကားဝါပန်း၊ နယုန်လပန်း = စပယ်ပန်း။
- ဆယ့်နှစ်ရာသီခွင် = Taurus ပြိဿ (မေလ ၂ဝ အထိ)၊ Gemini မေလထုန် (မေလ ၂၁ မှ)။
မြန်မာနိုင်ငံ အထိမ်းအမှတ်နေ့များ
- မေလ (၁) ရက် = အလုပ်သမားနေ့
- မေလ (၂၂) ရက် = ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်
- မေလ (၂၇) ရက် ၁၉၉၀ = ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည်နေ့။
- မေလ (၃ဝ) ရက် ၂၀၀၃ = ဒီပဲယင်းအရေးအခင်းနေ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment