စတုမဓူ
ဟူသားရသာ၊ သကာ တခြား
ပျားလည်း မလွတ်၊ ထောပတ်ဦးဆီ
အညီဖော်မြှောက်၊ တောမြွေဟောက်ကို
ဆိပ်တောက်ပွားစေး၊ ဝအောင်ကျွေးသော်
အရေး ထူးပြား၊ ဖြစ်သည်များကို
ထောက်ထားနှိုင်းတု၊ ပုံစံရှု၍
ပြူစုသရွေ့၊ အဓလေ့လည်း
အောက်မေ့ကြံခင်း ပုံစေမင်း။ ။
(နွားပိန် ထူ၊ လူဝှေ့- ဂမ္ဘီသာရပျို့ ပိုဒ်-၃၀)
(ရှင်မဟာရဋ္ဌသာရ)
ရှေးစာကဗျာများ ကျေးဇူး။
ယခုသော်ကား သကာ'တစ်ခြား' ဆိပ်တောက်ပွား၏။
စတုမဓု လို့လည်း ရေးကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment