Skip to main content

Mom and Daughter အမေနဲ့ သမီး

- ဆရာလည်း ခံစားချက်ပြင်းတယ်နော် တနဲ့တစ် ကို ပုံစံအမျိုးမျိုးနဲ့ ပြောပြနေတာ တခြားအကြောင်းလည်း ပြောပြပါအုန်း ရေးပါအုန်း ဆရာ
- ကျေးဇူးပါ ဆရာ ဘာလို့ အဲ့လောက် တနဲ့တစ် အလုပ်ရှုပ်နေလည်း(လဲ)ခင်ဗျ
- ဒေါက်တာတဆွေ
- တချို့က ဒေါက်တာတစ်ဆွေတဲ့။ 
- ဆရာလဲ ဒီအရွယ်ကျမှ တ တစ်လုံးနဲ့ တစ်နေတယ် ဒါနဲ့ဆရာတို့နေတဲ့မြို့မှာ တိုင်းရင်းသားတွေ တော်တော်ပေါတယ်နဲ့တူတယ် တဲ့။
နမူနာ ၄-၅ ခုသာ ထည့်ပါမယ်။ အများကြီး။
လူကြီးမင်းတို့ဟာ အမေနဲ့ သမီး တွဲလျှောက်လာတာကို သမီးကိုသာ မြင်တဲ့သူတွေ များစွာထဲက တယောက်ဖြစ်နေတယ်။
အဲလိုပြောတဲ့သူ တနှစ်မှာ တယောက်နှုန်လောက် လာတယ်။ မြန်မာစာရေးနေတာ ၁၀ နှစ်ဆိုတော့ ၁၀ ယောက်မက ရှိပြီ။ သူတို့က (တ) နဲ့ (တစ်) သာ မြင်ကြတယ်။
ဆိုရှယ်မီဒီယာမှာ စာတွေရေးတာက ၁၅ နှစ်ကျော်ပြီ။ ဖေ့စ်ဘွတ် မမွေးသေးပါ။ နိုင်ငံရေးကို စရေးတယ်။ နောက် ယမုန်နာဆေးခန်းအကြောင်း တင်တယ်။ ယူအက်စ်အေရောက်တော့ နိုင်ငံရေးလည်း လုပ်စရာမလို၊ ဆေးခန်းလည်းမရှိတော့ စာဖတ်အားလာတယ်။ အဲတော့ စာတွေရေးနေကြတာ သောက်သောက်လဲ မှားနေကြို သိလာတာနဲ့ စပြီးထောက်ပြပါတယ်။ 
မြန်မာစာသတ်ပုံရော သဒ္ဒါပါရေးတယ်။ သတ်ပုံက မျိုးစုံတယ်။ သက် နဲ့ သတ်၊ တတ်နဲ့ တက်၊ ထုပ် နဲ့ ထုတ်၊ အိပ် နဲ့ အိတ်၊ စီး နဲ့ ဆီး၊ ရာ နဲ့ ယာ၊ မှ နဲ့ က၊ ပန်း နဲ့ ပမ်း၊ အများကြီးပဲ။
သတ်ပုံမှားအကြောင်း စာအောက်မှာ ဖြစ်ကတတ်ဆန်း ကွန်မင့်တွေလာလေ့ရှိတယ်။ စသတ်တခုသာ မြင်ကြတယ်။ ဘလော့လိုက်မယ်။
နိုင်ငံရေး ဆက်ရေးတယ်။ ကိုဗစ် မဖြစ်ခင် ကိုရိုနာကတည်းက ရေးတယ်။ မမြင်တဲ့သူတွေက မမြင်ချင်ယောင်ဆောင်ကြတယ်။ ကင်ဆာအကြောင်း မရေးရတဲ့နေ့ မရှိ။ မသိချင်ယောင် ဆောင်ကြတယ်။
စကားလုံး နည်းနည်းပြောင်းလိုက်မယ်။ အမေနဲ့သမီး နှစ်ယောက်တွဲပုံထဲက သမီးကိုသာမြင်တဲ့သူတွေ များတယ်။
နိုင်ငံရေးစာ ရာဂဏန်း မနည်းတော့ပါ။ မြန်မာစာ ရေးတော့ နိုင်ငံရေး ရေးပါဦးတဲ့
ဆေးပညာစာ ထောင်ဂဏန်း မနည်းတော့ပါ။ ကိုယ်ဝန်ဆောင်စာ တအုပ်ထုတ်ထားပြီးပြီ။ ကင်ဆာစာ တရာကျော်ရှိပြီ။ နမူထဲကသူတွေလို လူတွေက ရောဂါတွေများတဲ့ အမေကို ဘေးချိတ်ပြီး သူ့သမီးကိုသာ ရောဂါကင်းတဲ့သူလို့ထင်နေကြတယ်။ 
သူ့သမီးမှာလည်း ရောဂါတွေနဲ့။
နာတာရှည်ရောဂါရှိသူက မြန်မာစာ။
နိုင်ငံရေးစာအုပ်နဲ့ သတ်ပုံစာအုပ် ထုတ်ပေးရဲသူ မရှိပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...