နာရီတိုင်းမှာ အရွယ်မရွေးမေးကြတာ၊ အပျိုလည်းပါ၊ မမွေးသေးသူလည်းပါ။ ကလေးမိခင်တွေလည်းပါ။ သွေးဆုံးပြီးသူတွေလည်းပါ။ (ကန်တော့)
အမျိုးသား ကာလသား၊ သက်ကြားအို၊ လူပျိုပါ။ ဝေဒနာမျိုးစုံလာ။
ဆေးကျောင်းသားတိုင်းဟာ အနိစ္စသဘောကို မိုက်ကရိုစကုပ် အောက်မှာ မြင်ကြရတယ်။
ရောဂါဗေဒကိုလည်း သင်ယူကြရတယ်။
မေးခွန်းတွေဖြေရတော့ ခေမာဗေဒ။
ကျွန်တော့်ပို့စ်တွေသည်လည်း ခေမာဗေဒ။
အဖြူအမည်းခေတ်ပို့စ်ထဲမှာ ကျွန်တော်နဲ့ ဒေါ်မြမြအေးတို့ရဲ့ ၁၉၇၀ ဝန်းကျင်ကဓါတ်ပုံတွေပါတယ်။ ကွန်မင့်တခု ရတယ်။
၂ ယောက်စလုံး အရွယ်လဲပြောင်း ရုပ်ရည်လဲ ပြောင်းသွားခဲ့ပြီတဲ့။ ကျေးဇူး။
အခုတော့ ၂ ယောက်စလုံး ပန်းချီကားထဲကလို ခါးကုံးသူများ ဖြစ်နေကြပြီ။
အိုမင်း ရင့်ရော်ပါပြီ။ တရားက မရနိုင်ကြသေးပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment