Skip to main content

Bad Writing ကျွန်တော် စာရေးညံ့တယ်

ဆရာခင်ဗျာ အမှားတွေကို အမှန်ပြင်ပေးချင်တာ သိပေမယ့် ဆရာရေးတဲ့စာတွေက ရောနှောနေတဲ့အတွက် စာအရမ်းရှည်တဲ့ပို့စ်တွေမှာဆို ဖတ်ရသူတွေအဖို့ အစအဆုံးမဖတ်ဖြစ်မှာ စိုးရပါတယ်။

ဟုတ်။ ကျွန်တော် လူမှုရေးကွန်ရက်မှာ စာတွေရေးနေတာ ၁၀ နှစ်ကျော်ပြီ။ ပုဒ်ရေ ၂ သောင်းလောက်ရှိမယ်။

စာတွေကို အမျိုးအစားခွဲ ရေးပါတယ်။ ဘလော့ကို ၂ ခုသီးသန့်ထားတယ်။

ဖေ့စ်ဘွတ်မှာ ခေါင်းစဉ်တခုထဲမှာတော့ ရောမရေးပါ။

ဆေးပညာစာတွေရေးတော့ တိုလည်း မပြည့်စုံ၊ ရှည်လည်း တချို့ကမဖတ်ချင်။ မေးခွန်းတွေ ကျော်ဖတ်ပါရန်နဲ့ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်ပါရန်လို့ နိဒါန်းရေးရတယ်။

ကျွန်တော့ စာရေးညံ့တယ်။

တခြားစာရေးသူတွေရေးတာကိုသာ ဖတ်သင့်ကြပါတယ်။ မကြိုက်သူတွေကလည်း ဘလော့လို့ရတာဘဲ။

ဒေါက်တာတင့်ဆွေ

Comments