Skip to main content

ရေစက်ချ


တစ်ချို့(တချို့)က ရေစက်ချတဲ့နေရာမှာ မှားနေတာလေးရှိတယ်၊ ဝိဝါဒမကွဲပြားဘူးထင်ပါတယ်၊ ရေစက်သွန်းချ၊ အမျှပေးဝေ၊ဆိုတာနဲ့ ရေစက်သွန်ချ အမျှပေးဝေဆိုတဲ့နေရာမှာ သွန်းနဲ့သွန်ကို အားလုံးနားလည်သိထားကြရအောင် ဆရာရှင်းလင်းပြဆိုပေးပါရန် မေတ္တာရပ်ပါတယ်ဆရာ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ကို ကိုးကားတင်ပြပါမယ်။

ရေစက်ချ = ကောင်းမှု တစုံတရာပြုရာ၌ ကောင်းမှုထမြောက် ပြီးစီးသည့်အခါ မြေစောင့်နတ် (မြေကြီးထု) အား တိုင်တည်သောအမှတ်ဖြင့် ခွက်၌ထည့်သောရေကို မြေသို့ သွန်းလောင်းသည်။

ရေသွန်း = မြင့်မြတ်သာအရာ၊ မြင့်မြတ်သောကိစ္စ၌ ရေနှင့် ဖျန်းဆွတ်လောင်းထည့်သည်။

ရေစက်သွန်း = ရေစက်ချ။

မှတ်ချက် - ရေစက်သွန်း (ရေစက်ချ) တရားနာအဆုံး၌ ရေစက်ခွက်ထဲကရေကို မြေကြီးသို့ သွန်ချသည်။

သွေးသွန်

သွံ(ပျက်စီး)

သွံဖျင်း

သွန်

ရေကိုသွန်

သွန်သင်

သွန်း

ပုံသွန်း

သွန်းဖျန်း

သွန်းဘုရား

ဒေါက်တာတင့်ဆွေ

Comments