ဂဏန်းကို စာနဲ့ရေးနည်း မကြာခဏ တင်ပြပါတယ်။ ‘ရွှေကိုင်းသား’ တင်သွင်းတဲ့ “ဝက်မစွတ် နဝဒေး၏ စာပေအရည်အသွေးနှင့် နိုင်ငံရေးခံယူချက် စာတမ်း” ကို နမူနာတခုအဖြစ် တင်ပြပါဦးမယ်။
“နှစ်ဆဲ့တနှစ်မြောက်”
ဗမာစာပေ အရေးအသားသစ်နှင့် စာတမ်းများ
မန္တလေး၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကနေ ၁၉၆၆ ခုနှစ်၊ မတ်လကဖြစ်ပါတယ်။
မြန်မာစာကို အာဏာမသိမ်းသေးပါ။
‘ဗမာ’ နဲ့ ‘မြန်မာ’ လည်း နိုင်ငံရေးလုပ်ခြင်း မခံရသေးခင်က ဖြစ်ပါတယ်။
အခုတော့ -
‘တနှစ်မြောက်’ လို့ရေးရင် “ရာဇဝတ်မှု” တဲ့။
‘ဗမာ’ လို့ရေးရင် “သစ္စာဖေါက်မှု” တဲ့။
ဒီလိုပုံနဲ့ "စာကို မှန်အောင်မရေးကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး” ဖြစ်လာပါလိမ့်မယ်။
မဲပေးရင်တော့ စာကိုမှန်အောင်မရေးသားသူတွေဘက်က "လုံးလုံးလျားလျား အများစု" အနိုင်ရပါမယ်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment