ပုဂံရာဇဝင် မသိသူမရှိ။ တုတ်မထမ်းဘဲလည်း ပြောဆိုမရ။
မြန်မာစာအကြောင်း စာတိုလေးတွေအောက်မှာ စာအရေးအသားဆိုတာ ခေတ်အရပြောင်းနေတာ မသိဘူးလားလို့ ကြိမ်လုံးကိုင်ပြီး ဆုံးမသူတွေ မကြာခဏာ တွေ့ရတယ်။
တချို့ကလည်း ခေတ်နောက်မဆွဲနဲ့တဲ့ ပညာပေးတယ်။
တချို့ကလည်း မြစေတီကျောက်စာမှာ တစ်ထားတာ မတွေ့ဘူးလားတဲ့။
အခုတမျိုးက ဖေ့စ်ဘွတ်မှာ ပုဂံခေတ်အသုံး ဘယ်နားမှာလဲတဲ့။
မြန်မာစာ ရေးချင်သလိုရေးတာ ဘာဖြစ်လဲတွေ များလာတယ်။ ဒုက္ခိတဘဝရောက်နေရပြီ။
ပုဂံခေတ်ကြီးဟာ တရုပ်ပြည်ကလာတဲ့ မွန်ဂိုဘုရင်တွေကဖျက်လို့ ၁၂၈၇ ခုနှစ်မှာ ပျက်ခဲ့တယ်။
၂၆ နှစ်ကြာမှ ၁၃၁၃ ခုနှစ်မှာ ပင်းယခေတ် ဖြစ်လာတယ်။
ပင်းယခေတ်ကုန်တော့ မကြာပါ ၁၃၆၄ ခုနှစ်မှာ အင်းဝခေတ်ဖြစ်တည်လာပြီး ပေလေးပင် ရှင်လေးပါး ထွန်းကားခဲ့တယ်။
ပျက်ပြီးရင် ပြန်လည်တည်ဆောက်ကြရပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment