Skip to main content

နဂါးနီ သီချင်း

နဂါးနီစာအုပ်အသင်းကို ကိုလိုနီခေတ်ဦးကာလက သခင်နုနှင့် ဦးထွန်းအေးတို့က ဦးဆောင်ပြီး ၁၉၃၇ နိုဝင်ဘာ ၄ ရက်နေ့မှာ တည်ထောင်ခဲ့တယ်။ သခင်လူငယ်တွေက ပြည်သူလူထုသိကြစေရေးအတွက် သီချင်းတပုဒ်နဲ့ ဝါဒဖြန့်ဘို့ စိတ်ကူးမိခဲ့ကြသည်။
ဦးနုက နဂါးနီတိုတ်ထုတ် "လူမွဲတို့၏ထွက်ရပ်လမ်း" စာအုပ်မှ အချက်အလက်တွေကို ထုတ်နုတ်ပြီး၊ စကားလုံးတွေကိုပါ စီကုံးရွေးချယ်ခဲ့တယ်။ 
ပြီးတော့ သခင်အုန်းခင် (ဗမာ့ခေတ်ဦးအုန်းခင်) နဲ့အတူ ဒီဒုတ်ဦးဘချိုဆီကို သွားရောက် ပြသကြတယ်။ ဒီးဒုတ်ဦးဘချိုက သခင်အုန်းဆိုင် (ဂီတစာဆို ရွှေတိုင်ညွန့်) ဆီကိုလွှတ်ပြီး နဂါးနီသီချင်း ဖြစ်လာတယ်လို့ လေ့လာသိရှိရပါတယ်။
နဂါးနီ သီချင်း
၁။ ဆင်းရဲခြင်းလွတ်ကင်းအောင်
လမ်းပြဆောင်ပါမည်
ရတနာခုနှစ်သွယ်
တကယ်ပင်စုံညီ
တို့အမျိုးသားတိုင်းပြည်
မွဲတဲ့သူ လှူဒါန်းနိုင်မည်
ကျောင်းဆောက်ခါ
ဘုရားပါတည်
ဘိုးဘိုးအောင်နဲ့
ရှင်အဇ္စျ ဂေါဏတို့
(မ) တဲ့ကိန်းဆိုက်ပြီ
၂။ ကျန်းကျန်းမာမာ
ချမ်းချမ်းသာသာ
ဘေးရန်ကာဆီးမည်
လူမွဲတွေက
မနှေးခေတ်မီ
သူဌေးဖြစ်တော့မည်
တို့နဂါးနီ
သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့
မညှိုးပြီ
အကျိုးထူးပေးတော့မည်
ခေတ်သစ်ထူထောင်မည်
ဧချမ်းသာယာမည်
ဟေ့ နဂါးနီတန်ခိုးနဲ့
အမျိုးဂုဏ်တက်စေမည်
၃။ နေရေးနဲ့စားသောက်ရေးပါ
မနှေးအောင်ပင်
ချောင်လည်ရမည်
လူမွဲများ စိတ်ချမ်းသာအောင်
ကြံဆောင်မည် တို့နဂါးနီ
သာသနာရောင်
ဘာသာရောင်
ထွန်းလင်းပြောင်မည်
ကောင်းစားမယ့် တို့မြန်ပြည်
ရွှေမိုးရွာမည်
၄။ သိဒ္ဓိအဖုံဖုံ
လုံခြုံစေမည်
နေ့စဉ်ညစဉ်ဖိုမထိုးဘဲ
အကျိုးပေးနိုင်သည်
မြန်မာပြည်
နဂါးနီတံခိုးနဲ့
မြေရှိုးပါလို့
မိုးပြန်နိုင်မည်
မွဲတဲ့လူတွေ
ငွေမရှားရအောင်
တိုးပွါးဘို့
ဆောင်ရွက်ကာမှန်း
ထွက်ရပ်လမ်းပြမည်။ ။
ဆရာရွှေတိုင်ညွန့်က နဂါးနီသီချင်းကို ရေးဖွဲ့ပေးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ မြူနီစီပါယ် တောင်းဟော၊ ခမ်းမကြီး၌ ကျင်းပသော နဂါးနီဟောပြောပွဲ၌ အထက်ပါသီချင်းကို ဗြိသိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ၊ ရုပ်ရှင်မင်းသား ခင်မောင်ရင်နှင့် အဆိုတော် မခင်ထွေးတို့ တွဲဖက်ဖျော်ဖြေခဲ့သည်။
မှတ်ချက် - သီချင်စာသားကို မူရင်အတိုင်း စာသားရော သတ်ပုံပါ မပြင်ပါ။
(ပုံအတွက် Mya Myinzuu Phoo ကျေးဇူး)
နဂါးနီသီချင်း ကွန်မင့်များ
၁။ 'တွဲဖက်'လို့ တော့ ရေးပါဆရာ။ 'တွဲဖတ်'လို့ ဖတ်ရတာ ခုခေတ်လူငယ်တွေ 'ဂျပန်စာတက်ချင်လို့ ဘယ်ကျောင်းတတ်ရမလဲ' လို့ 'က်' 'တ်'နဲ့ ရောနေသလို ခံစားရပါတယ်။
ကျေးဇူး။ အဲလို ကူးချတာကနေ အမှားပါတာမျိုးမကြာခဏ ကြုံရတယ်။ မမှားသင့်ဘဲ မှားတယ်။ ကျွန်တော်က စာရေးဖြစ်တာကများ၊ စိတ်ကလည်းစောတော့ အမှားများတယ်။ ကံကောင်းချင်တော့ အမှားပြင်ပေးသူ အနည်းဆုံး ၂ ဦးရှိတယ်။ သူတို့က အဲဒါကို မတွေ့ကြသေး။
၂။ နဂါးနီသီချင်းရေးသူနှင့်ပတ်သက်ပြီး ဖတ်ဖူးတာလေးပြောပါရစေခင်ဗျာ။ အများသိတာကတော့ နဂါးနီသီချင်းရေးသူက ရွှေတိုင်ညွန့်ပါ အမှန်တော့ ရွှေတိုင်ညွန့်မဟုတ်ပါဘူး ဦးနု(ဝန်ကြီးချုပ်)ရေးခဲ့တာပါ သီချင်းစာသားတွေကလူပေါ်လူဇော်လုပ်နည်း (မိတ္တဗလဋီကာ-ဦးနု/ရေး) စာအုပ်ထဲက စာသားတွေကိုကောက်နှုတ် ရေးသားထားတာဖြစ်ပါတယ်။ ရွှေတိုင်ညွန့်က သံစဥ်ထည့်ပေးတာပါ တေးဆိုက ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင် ဖြစ်ပါတယ်၊ ကျွန်တော်အမှတ်မမှားခဲ့ဘူးဆိုရင် (၁၉၃၂)လောက်ကဖြစ်လောက်ပါတယ်။ အမှတ်မှားချင်လည်းမှားနိုင်ပါတယ် လူပေါ်လူဇော်ကို ပထမအကြိမ်ထုတ်တာက(၁၉၃၈)စက်တင်ဘာလဖြစ်လို့ပါ။
တေးရေးရွှေတိုင်ညွန့်ဖြစ်ရခြင်းက ထိုအချိန်က ရွှေတိုင်ညွန့်ဟာ ကိုလံဗီယာဓာတ်ပြားကုမ္ပဏီမှာ လခစားမို့ ပြင်ပသီချင်းတွေကို လက်ခံအသံသွင်းခွင့် မရှိပါဘူး။ (၁၉၉၅)ခုနှစ် စက်တင်ဘာလထုတ် မိုးဂျာနယ်မှ။
၃။ "ကျောင်းဆောက်ခါ" "ဆောင်ရွက်ကာမှန်း" ကာ/ခါ စာစီဆရာပဲလွဲလေသလားမသိပါ ဆရာ
နဂါးနီသီချင်းစာသားမှာ စာလုံးပေါင်းသတ်ပုံတချို့ ပြင်စရာပါတယ်။ တင်တဲ့စာမှာ ပြင်မထားပါ။ ခုနစ်သွယ်၊ ကျောင်းဆောက်ကာ၊ ခေတ်မီ၊ တန်ခိုး၊ အေးချမ်း၊ မိုးပျံ။ မူရင်းကိုလည်း သိသင့်လို့ ကူးချတာမှာ မပြင်ပါ။ သီချင်းကို ကွန်တော်ရေးတာ မဟုတ် ရွှေတိုင်ညွန့် ရေးတာ။ ခုခေတ်မှာ မြို့မငြိမ်းသီးချင်းတွေကိုလည်း ထင်သလိုပြင်၊ ရွှေပြည်အေးသီချင်းတွေကိုလည်း လိုသလိုပြင်၊ စိုင်းခမ်းလိတ်သီချင်းတွေကိုလည်း မှားအောင်ပြင်နေကြတယ်။ မလုပ်ကောင်းပါ။ မြစေတီကျောက်စာကို ပြင်ရေးသလို ဖြစ်နေတယ်။ ကျွန်တော်က ကျောက်စာထဲမှာ တစ် ရေးထားတာကို တ လို့ မပြင်ပါ။
၄။ နဂါးနီ သီချင်းဖြစ်ပေါ်လာပုံ သမိုင်း https://www.youtube.com/watch?v=-3Wo-6pahpY
ကျွန်တော်တို့ဘဝကတော့ ပုံထဲက အမျိုးသားကြီးလို ရောင်ထုံးမပါတော့ပေမဲ့ ပုဆိုးခါးတောင်းကြိုက် မဖြုတ်ကြရသေးပါ။
မှတ်ချက်
နဂါးနီသီချင်းက အခုထိလည်း နှစ်ခြိုက် ခေတ်စားနေဆဲဖြစ်ပါတယ်။ သီချင်းပေါ်ထွက်ခဲ့တာ နှစ်ပေါင်း ၈၀ ရှိပြီ။ လူမွဲတွေ သူဋ္ဌေးဖြစ်လာကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ