မေးခွန်းတခု = တစ်သီတစ်တန်း တသီတတန်း တစ်သီတတန်း တသီတတန်း စသဖြင့် ဘယ်ဟာက မှန်ပါသလဲ ဆရာ ေြဖပေးပါအုံးဗျ
ပုံထဲက စာလုံးတွေဟာ ၁၉၇၉ ခုနှစ်ထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ်၊ စာမျက်နှာ ၈၇ ကဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းနေစဉ်ကတည်းက ‘တသီတတန်း’ လို့ ရေးပါတယ်။ အခုတော့ ဂိုဏ်သစ်ကြီး ၃ ဂိုဏ်း ပေါ်ပေါက်နေတယ်။
ဂိုဏ်း ၁ = ‘တစ်သီတစ်တန်း’။
ဂိုဏ်း ၂ = ‘တစ်သီတတန်း’။
ဂိုဏ်း ၁ = ‘တသီတစ်တန်း’။
လက်ရှိ “အာဏာရမြန်မာစာအဖွဲ့” က ‘တစ်သီကြီး’ တဲ့။
ဘယ်ဂိုဏ်းက 'ဖေါ်လိုဝါ' များသလဲ မသိ။ အပြိုင်ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment