Skip to main content

စကားပုံ ဆိုရိုးစကားများအား တလွဲအသုံးချခြင်း

မကြာမကြာ တွေ့ရတယ်။ ကိုယ်ဖြစ်စေချင်တာအတွက် စကားပုံတွေကို အကိုးအကားပြုကြတယ်။ ကိုယ်ပြောတာမှန်တယ်ဆိုပြီး ဆိုရိုးစကားတွေကို ထောက်ပြကြတယ်။

ဥပမာ ငါ့စကား နွားရ။

အလားတူ ရေးတော့အမှန် ဖတ်တော့အသံဆိုပြီးပြောနေသူ အတော်များများက ရေးတော့ အမှား၊ ဖတ်ကား တလွဲတွေ တွေ့ရတယ်။

မဟောသဓာဇာတ်ထဲက သားလုခန်းမှာ မိခင်အစစ်က သူ့သားမှန်ပေမဲ့ ကလေးကို ဆက်မဆွဲတော့ဘဲ လက်လွှတ်လိုက်ပါသတဲ့။ ငါ့စကား နွားရနဲ့ ပြောင်းပြန်။ 

နွားတရားစီရင်ခန်းမှာ သျှိသျှားရွက်တိုက်ပြီး စစ်ရတယ်။

ခုခေတ်မှာ ပွေးကိုင်းတိုက်စစ်ရလိမ့်မယ်။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Comments