Skip to main content

ရှေ့သို့

ဦးတည်ချက်ကိုပြောတဲ့ အရှေ့၊ ရှေ့သို့ အစရှိတဲ့ စကားလုံးတွေကို လက်ရေးနဲ့ ရေးတဲ့အခါမှာ အောက်ကမြင့် "့" က ဘယ်‌ေနရာမှာရေးတာ အမှန်လဲ ကျေးဇူးပြုပြီး သိလိုပါတယ်ဆရာ

ရှေ့ လို့သာ ရေးပါတယ်။ ဒါပေမဲ့ ပန်းချီ၊ ကာတွန်း၊ ခေါင်းစဉ်တချို့မှာ နေရာအဆင်ပြေသလိုနဲ့ ဒီဇိုင်းသဘော ရေးတာလည်းရှိတယ်။

အခုကိုးကားတာက မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ထဲက ဖြစ်ပါတယ်။

နောက်တချက် - ကွန်ပြူတာနဲ့ ဖုန်းကီးဘုတ်တွေက တခါတခါအဆင်မပြေပါ။

ဒေါက်တာတင့်ဆွေ

Comments