Skip to main content

သီဟာသန

ဆရာရှင့် သီဟာ သန ကိုရှင်းပြပေးလို့ရပါလား။

သီဟာသနသည် ပါဠိဝေါဟာရ သီဟနှင့်အာသနကို ပေါင်းစပ်ထားသည့် စကားလုံးဖြစ်ပြီး သီဟသည်ခြင်္သေ့၊ အာသနသည်နေရာဟု အနက်ရှိသဖြင့် ခြင်္သေ့ခံထားသောနေရာဟု အဓိပ္ပာယ်ရသည်။

ခြင်္သေ့ရုပ်ခံသော သီဟာသနပလ္လင်။

သီဟာသန တရားဟောပလ္လင်တော်။

ဘာသာရေးထဲကဖြစ်စေ ရာဇဝင်ထဲကဖြစ်စေ စကားလုံးတွေကို လေ့လာတဲ့အခါ သတိပြုစရာတွေ ရှိတယ်။ တရားကို တရားလို၊ သမိုင်းကို သမိုင်းလိုနဲ့ စကားလုံးကို ဝေါဟာရလို့ ခွဲခြားလေ့လာသင့်ပါတယ်။

တရားစာတွေမှာလည်း ထုံမွှမ်းမှုလွန်ကဲတာမျိုး ပါတတ်တယ်။ တရားအစစ် မဟုတ်နိုင်။ ရသစာတွေကလည်း သမိုင်းနောက်ခံနဲ့ ပထဝီအနေအထားကနေ လွတ်တာမျိုး ရှိတယ်။ လူကြိုးက်များလည်း အလကားလို့ ယူဆတယ်။

မျိုးချစ်စိတ်တို့ အမျိုးသားရေးတို့ကနေလည်း အစစ်အမှန်သဘောကနေ ယိမ်းယိုင်၊ တွေဝေမှုတွေ ဖြစ်စေတယ်။

ဗာကျူရယ် ခေါ် အစစ်အမှန်မဟုတ်တာတွေကလည်း လမ်းလွဲစေနိုင်တယ်။

ဓါတ်ပုံအတု၊ ဗီဒီယိုအတုတွေကြောင့် လမ်းမှားစေနိုင်တယ်။ အားမပေးပါ။

ပညာကို ပညာလိုသင်ယူ လေ့လာကြရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments