Skip to main content

တဘဝပြီးပြီ

- စားပီးပီလား စားပြီးပြီလား စားပြီးပီလား စားပီးပြီလား ဘယ်ဟာမှန်လဲဗျ

- ရရစ်ပါရပါမယ်။ စားပြီးပြီလား။

- မှန်။ တဘဝပြီးပြီ

- ခုနောက်ပိုင်း ဉ ကလေးနဲ့ ဥ အရမ်းမှားကြတာပဲ။ ဦး ကိုတောင် ဉီး ရေးကြတာတွေ့ဖူးတယ်

ဉ နဲ့ ဥ၊ ယောက်ျား၊ မင်္ဂလာ စတာတွေကတော့ ကီးဘုတ်နဲ့လည်း ဆိုင်တယ်။ ယူနီကုဒ်ကြောင့်။ 

ဖုန်းတချို့မှာ အော်တိုပြင်တာကြောင့်လည်း မမှားသင့်ဘဲ မှားတာမျိုးလည်းရှိတယ်။

ငှက် နဲ့ ဌက် ကတော့ မသိသူတွေက မှားရေးနေကြတာ။

ပတ်သက် ကို သပ်သက် လို့ရေးသူတွေကတော့ မသိကြတာ။

တက် နဲ့ တတ် လည်း မသိကြသူတွေ

ဖတ် နဲ့ ဖက် လည်း မတတ်သူတွေ။

တဘဝ ကို စသတ်သူတွေက မသေတော့ဘူးထင်ကြလို့ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments